ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့သြဂုတ် ၄ ရက် နံနက်ပိုင်းက ကျောက်မဲမြို့ ရပ်ကွက် ၆ ရှိ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီ က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒေါ်ချောကိုယ်ပိုင်အထက်ကျောင်း၊ ဆေးခန်း၊ နေအိမ် ၃ လုံးနဲ့ ယာဉ် ၁ စီး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၁၉ ဦး သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 
Read More

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု ရန်က ကာကွယ်နိုင်ဖို့ အချက်အလက်များ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီ ပြောကြား (ရုပ်/သံ)

စစ်ကော်မရှင်အဓိကအားကိုးနေရတဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်နိုင်ဖို့ စစ်လေ ယာဉ်တွေနဲ့ ပတ်သက်နဲ့ အချက်အလက်တွေ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောကြားခဲ့ပါတယ်။
Read More

တမူးမြို့နယ်မှာ ပြည်သူများကို စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာမှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေခဲ့တယ်လို့ Zo Army က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္မ-ရေပြာလမ်းပိုင်းတွင် ယာဉ်တန်းတိုက်ခိုက်ခံမှုကို ကာကွယ်နိုင်ရန် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြိုနယ်ရှိ ကပစ-၂၁ သို့ သွားမယ့် စစ်ယာဉ် တန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲကာကွယ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ရေတိုက်စားမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတားပျက်စီး (ရုပ်/သံ)

မိထ္ထီလာ - ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတား ၁ စင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားပြီး လမ်းပိတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။