မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက် ညနေ ၆ နာရီ ဝန်းကျင်အချိန်မှာ ဖာသိမ်ကျေးရွာဘက်မှ ကျိုက်မရောမြို့ဘက် မောင်းနှင်လာတဲ့ အိုးဝေယာဉ်တစ်စီးကို အဆိုပါ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ မူးယစ်ဆေးဝါးနဲ့ လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“KNU (PC) က တော်လှန်ရေးလုပ်နေတာလည်း မဟုတ်ဘူး။ သူတို့က စကစနဲ့လည်း အဆင်ပြေတဲ့အဖွဲ့ပဲဆိုတော့ ဘာတွေ ငြိကြတာာလဲ မပြောတတ်ဘူး။ အခုက မူးယစ်ဆေးတွေရော၊ လက်နက်တွေရောဆိုတော့ ဒါတွေက ပုံမှန်ဆို သူတို့အချင်းချင်း ညှိပြီး သယ်နေကျအရာတွေပါပဲ။ အထူးအဆန်းမှ မဟုတ်တာ” လို့ KNU (PC) နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ အိုးဝေကို လိုက်ပါစီးနင်းလာတဲ့ အမျိုးသား -ကိုဘောလုံး၊ အမျိုးသမီး- မနှင်းအောင် ဆိုသူတို့ထံက လက်လုပ်သေနတ် ၁လက်၊ ကျည် ၂၃ တောင့် (အမျိုးအစားစိစစ်ဆဲ)၊ ကာဘိုင်ကျည်အိမ် ၁ခု၊ ၃၆ ခွင်းဗုံး လက်ပစ်ဗုံး ၂လုံးနဲ့ 91 လက်ပစ်ဗုံး ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် BOSS တံဆိပ်ပါ လက်ထိပ် ၁ခု၊ OPPO အနက်ရောင် ဖုန်း ၁လုံး၊ OPPO ဗေဒါရောင် ဖုန်း ၁လုံး၊ VIVO အစိန်းနုရောင် ဖုန်း ၁လုံး၊ KNU/KNLA(PC) ဘတ်တံဆိပ်ပါ ယူနီဖောင်း ၂စုံ၊ လည်ရှည်ဖိနပ် ၂ရံ၊ KNU/KNLA(PC) တံဆိပ်ပါ ဦးထုပ် ၁လုံး၊ အစိမ်းရောင် ကျည်ကာအင်္ကျီ ၁ထည်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြားခန့်တို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ၂ယောက်ကို အရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ကမ်ပိန်းစာသားများ ရွတ်ပေးရန် အနုပညာရှင်များကို စစ်ကော်မရှင် စေခိုင်းထား၊ ညှိနှိုင်းမှု မဟုတ်တော့ဘဲ ပြင်းထန်စွာ ဖိအားပေးနေဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်တွင်းမှာကျန်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူ စိတ်ဝင်စားအောင် ကမ်ပိန်းလုပ်ပေးဖို့ အသည်းအသန် ကြိုးစားနေရာကနေ ခြိမ်းခြောက်ဖိအားပေးတဲ့အဆင့်အထိ ရောက်လာပြီလို့ သိရပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ စစ်တပ် eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ က သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ အကြမ်းဖက် စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို ဒီဇင်ဘာ ၂၂ ရက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။