ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၃ ရက် မနေ့က မနက်ပိုင်းမှာ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အစိုးရအဆောက်အဦး (၂) လုံးနဲ့ ပြည်သူနေအိမ် (၈) လုံးခန့်၊ စုစုပေါင်းအဆောက်အဦး (၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Road to Mandalay ကမ်ပိန်းမှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန နှိုးဆော်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ "Road to Mandalay - ထိုးစစ် ထောက်ပို့ မန်းတိုင်းသို့ " အစီအစဥ်မှာ ပါဝင်ပြီး မန္တလေးတိုင်းစစ်ဌာနချုပ်ကို ထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

၂၀၂၄ အတွင်း No More Dictatorship အဖွဲ့ လပခ နှင့် စစ်တက္ကသိုလ် အပါအဝင် စစ်ဆင်ရေး အများအပြားလုပ်ဆောင်နိုင်ခဲ့၊ အဖွဲ့ဝင် အယောက် ၃၀ နီးပါး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရ

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မန္တလေးမြို့ကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အပါအဝင် ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ ရတနာပုံခန်းမတို့လို စစ်ကောင်စီရဲ့ အဓိကဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force - NMD အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နွေဦးတော်လှန်ရေး၏ အခြေအနေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ရန်လိုအပ်ဟု ကိုနန်းလင်း တိုက်တွန်း

နွေဦးတော်လှန်ရေးရဲ့အခြေအနေတွေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဆိုလိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ပြီး လူထုလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲကြဖို့ရှိပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ ထပ်မံလာရောက်ကြဲကျတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်ဟဲကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။