မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂ ရက် နေ့လယ်ပိုင်းက Burma Revolution Rangers တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က စက်တပ်လေထီး ၂ စီးနဲ့ တော်လှန်ရေးပူးပေါင်းတပ်ရှိရာဆီ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တပ်လေထီးကို လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ထိ‌ရောက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြရာ ဝေဟင်မြေပြင်ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန် လည်လွတ်မြောက်လာခဲ့ကာ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R)၊ Pakokku People Defense Force (P.P.D.F) နဲ့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်

ခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နေပြည်တော် ပကဖ ရဲ့ တိုက်ခိုက်ရေးရဲဘော်တွေဆီကို တိုင်းတာဝန်ခံနဲ့ ဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံအားပေး (ဓာတ်ပုံသတင်း)

ကရင်နီပြည်၊ မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်ရဲ့ တိုက်ခိုက်ရေးရဲဘော်ရဲဘက်တွေဆီကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် တိုင်းတာဝန်ခံနဲ့ ဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံအားပေးပြီး မဟာမိတ်အဖွဲ့တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ နေပြည်တော် ပကဖ က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။