မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂ ရက် နေ့လယ်ပိုင်းက Burma Revolution Rangers တပ်ဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး တပ်မ ၁၀၁ ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က စက်တပ်လေထီး ၂ စီးနဲ့ တော်လှန်ရေးပူးပေါင်းတပ်ရှိရာဆီ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တပ်လေထီးကို လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ထိ‌ရောက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြရာ ဝေဟင်မြေပြင်ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန် လည်လွတ်မြောက်လာခဲ့ကာ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R)၊ Pakokku People Defense Force (P.P.D.F) နဲ့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Burma Revolution Rangers

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်အား ချေမှုန်းပြီး ပြန်လာသည့် တော်လှန်ရေးရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင်တပ်ကို ချေမှုန်းပြီး ပြန်လာတဲ့ တိမ်ပျံပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးဟာ အန္တရာယ်များလှပါတယ်။ 
Read More

ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင် (ရုပ်/သံ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင်မြို့နယ် ခေါင်းဆေးကျွန်း ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်ကား ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ မီးသတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ တစ်နေရာမှာ လူငယ်တွေက ‘ဖိရင်ကြွမယ် ထိရင် ချမယ်’ ဘန်ကာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ် ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ အောက်တိုဘာ ၅ ရက် မနေ့က မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီက စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းခေါ်ယူတာ၊ သန်းခေါင်းစာရင်းကောက်ခြင်းတာနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်‌ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်လူထုသပိတ်အကြမ်းဖက်ဖြိုခွင်းခံရစဉ် ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ် လူသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည် ၄ ယောက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအ မှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) ထံက သိရပါတယ်။