မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂ ရက် နေ့လယ်ပိုင်းက Burma Revolution Rangers တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က စက်တပ်လေထီး ၂ စီးနဲ့ တော်လှန်ရေးပူးပေါင်းတပ်ရှိရာဆီ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တပ်လေထီးကို လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ထိ‌ရောက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြရာ ဝေဟင်မြေပြင်ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန် လည်လွတ်မြောက်လာခဲ့ကာ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R)၊ Pakokku People Defense Force (P.P.D.F) နဲ့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တပ်ကုန်းမှာ ရွေးကောက်ပွဲအတုကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဦး သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF Tatkon ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

ဘောလခဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်ခွာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်​ေ
Read More

AA ထိုးစစ်နှင့်အတူ စစ်ကောင်စီအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာသည့် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။