မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅) ခုကို ရိက္ခာ ထောက်ပံ့ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။

(TRI) ဗျူဟာပြည်သူ့ဆက်ဆံရေးဌာနက စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅) ခုရှိ အိမ်ထောင်စု (၂၉၃)စု၊ လူဦးရေ (၁၁၆၃) ယောက်ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ ဆီတွေ ကူညီလှူဒါန်းပေးအပ်ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုတွေပေးကာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ညှိနှိုင်းဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှူဒါန်းမှုဟာ (TRI) ဗျူဟာရဲ့ “ပြည်သူမှ ပြည်သူသို့” အစီအစဉ်အရ ပြည်တွင်းပြည်ပ စေတနာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ဘေး၊ သဘာဝဘေးနဲ့ အရေးပေါ်အခြေအနေတွေကြောင့် ဒုက္ခရောက်နေရသူတွေကို အချိန်နဲ့တပြေးညီ ကူညီဖြန့်ဝေနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေမည်

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

အင်းတော်မြို့ကို KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲအဖြစ် ပြန်လည်ထိုးစစ်ဆင်နေ 

စစ်ကိုင်းနဲ့ ကချင် အစပ်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။