မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက် ညနေ ၆ နာရီ ဝန်းကျင်အချိန်မှာ ဖာသိမ်ကျေးရွာဘက်မှ ကျိုက်မရောမြို့ဘက် မောင်းနှင်လာတဲ့ အိုးဝေယာဉ်တစ်စီးကို အဆိုပါ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ မူးယစ်ဆေးဝါးနဲ့ လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“KNU (PC) က တော်လှန်ရေးလုပ်နေတာလည်း မဟုတ်ဘူး။ သူတို့က စကစနဲ့လည်း အဆင်ပြေတဲ့အဖွဲ့ပဲဆိုတော့ ဘာတွေ ငြိကြတာာလဲ မပြောတတ်ဘူး။ အခုက မူးယစ်ဆေးတွေရော၊ လက်နက်တွေရောဆိုတော့ ဒါတွေက ပုံမှန်ဆို သူတို့အချင်းချင်း ညှိပြီး သယ်နေကျအရာတွေပါပဲ။ အထူးအဆန်းမှ မဟုတ်တာ” လို့ KNU (PC) နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ အိုးဝေကို လိုက်ပါစီးနင်းလာတဲ့ အမျိုးသား -ကိုဘောလုံး၊ အမျိုးသမီး- မနှင်းအောင် ဆိုသူတို့ထံက လက်လုပ်သေနတ် ၁လက်၊ ကျည် ၂၃ တောင့် (အမျိုးအစားစိစစ်ဆဲ)၊ ကာဘိုင်ကျည်အိမ် ၁ခု၊ ၃၆ ခွင်းဗုံး လက်ပစ်ဗုံး ၂လုံးနဲ့ 91 လက်ပစ်ဗုံး ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် BOSS တံဆိပ်ပါ လက်ထိပ် ၁ခု၊ OPPO အနက်ရောင် ဖုန်း ၁လုံး၊ OPPO ဗေဒါရောင် ဖုန်း ၁လုံး၊ VIVO အစိန်းနုရောင် ဖုန်း ၁လုံး၊ KNU/KNLA(PC) ဘတ်တံဆိပ်ပါ ယူနီဖောင်း ၂စုံ၊ လည်ရှည်ဖိနပ် ၂ရံ၊ KNU/KNLA(PC) တံဆိပ်ပါ ဦးထုပ် ၁လုံး၊ အစိမ်းရောင် ကျည်ကာအင်္ကျီ ၁ထည်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြားခန့်တို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ၂ယောက်ကို အရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 
Read More

ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

လေ့ကေကော်မြို့သစ်အနီးက စွယ်တော်ကုန်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တိုက်ဂိုထောင် မီးလောင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လေ့ကေကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမြှောက်ကုန်း ခေါ် စွယ်တော်ကုန်းမှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခဲယမ်းဂိုထောင်မီးလောင်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။