မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သားဖွားဆရာမဆိုသူက ကျေးရွာအတွင်းက လူတွေကို ကျန်းမာရေး စစ်ဆေးပေးပြီးနောက် အကြောဆေးထိုးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးထိုးပြီး နေ့လယ်ပိုင်းလောက်ကစတင်ကာ အကြောဆေးထိုးခဲ့သူ ၂၉ ယောက် မူးဝေ အော့အန်တာတွေ ခံစားရပြီးနောက်မှာ မုဒုံဆေးရုံကို ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

“ဆရာမက ဆေးထိုးဆေးစစ်တာက လုပ်ပေးနေကျပဲ။ ဒီတခေါက်မှာမှ ဘယ်လိုဖြစ်သွားတာလဲ မသိဘူး။ မူးပြီးအန်ကြတာ။ ဆေးတွေက ဒိတ်ကုန်နေတာလို့လည်း ပြောနေကြတယ်။ ဘယ်လိုမှန်းတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဆေးရုံတင်လိုက်ရသူ ၂၉ ယောက်ထဲက အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်းဆိုသူကတော့ ဩဂုတ်လ ၁ ရက်နေ့ မနက်အစောပိုင်းမှာ မုဒုံဆေးရုံမှာပဲ အသက်သေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ သားဖွားဆရာမဖြစ်သူကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက စစ်ဆေးမှုတွေ ပြုလုပ်နေပြီး မည်သို့၊ မည်ပုံ အရေးယူသွားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဒါ့အပြင် သားဖွားဆရာမဟာ Non CDM ဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

မင်းလှမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်းထန်စွာ အရေးယူမယ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရ..

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။