ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဂုဏ်ပြုပွဲမှာ KNDO တပ်ဖွဲ့ဝင် (၄၁) ယောက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF တပ်ဖွဲ့ဝင် (၁၀) ယောက် နဲ့ Federal Wings ဒရုန်း တပ်ဖွဲ့ဝင် (၆) ယောက်၊ စုစုပေါင်း ရဲဘော် (၅၇) ယောက်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဗဟိုက ဂုဏ်ပြုမှတ်တမ်းလွှာတွေ ချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား နန်းတွင်းစစ်ကြောရေးတွင် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Airbus to Airstrike လှုပ်ရှားမှုကိုစတင်၊ မြေပြင်ရော အွန်လိုင်းကနေပါ လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးပါ၀င်ပေးဖို့ တောင်းဆို

စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ AVIC ကနေ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ရှားဖို့ တော်လှန်ပြည်သူတွေပါ၀င်တဲ့ ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှု တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်လိုက် ပြီဖြစ်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။