စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်လုပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ အသည်းအသန် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက မောင်းကိုပြောပါတယ်။

ဩဂုတ်လ ၂ ရက် မနေ့က မနက်ပိုင်းမှာ ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာ စစ်ကောင်စီစခန်းနဲ့ ဆင်အိုင်မရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုပူးပေါင်းအင်အားတချို့ဟာ PDF နဲ့ ပကဖတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေထဲကို အရပ်သားတွေဖမ်းဆီးရင်း ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်အုပ်စုဟာ သူတို့စိတ်ကြိုက် မီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာတွေထဲက အရပ်သားတချို့ကို လူသားဒိုင်းလုပ် ဖမ်းဆီးလာခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေတိုက်ခိုက်ချိန်မှာတော့ အရပ်သားတွေကို လွှတ်ပေးရင်း ကိုယ်လွတ်ရုန်း ထွက်ပြေးကုန်ကြတာဖြစ်တယ်လို့ ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက ပြောပါတယ်။

“အလစ်ဝင်လာတယ်။ တွေ့ရာပြည်သူတွေ ဖမ်းလာတယ်ပေါ့။ ပိုက်ဆံတို့ဘာတို့လို တန်ဖိုးရှိတဲ့ဟာတွေကို ယူတယ်။ ကျနော်တို့ဘက်ကပစ်တော့ ပြည်သူတွေကို ပြန်လွှတ်ပြီး သူတို့စခန်းကိုပြန်ပြေးတယ် အဲ့လောက်ပါပဲ။ ပွဲကြီးမဟုတ်ပါဘူး။ သူတို့လုပ်နေကျပါပဲ” လို့ ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦး-ကလေးဝ ကားလမ်းနဲ့ ကလေးဝ-ဖောင်းပြင်လမ်းဆုံအနီး တည်ရှိတဲ့ အောင်ချမ်းသာကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးထားခဲ့တာ ဖြစ်ပါတယ်။

“သူတို့မီးရှိုပစ်လို့ ပြာကျသွားတဲ့ အောင်ချမ်းသာနဲ့ သက္ကယ်ကျင်းက ပြည်သူတွေဟာ အခုဆို ရွာတွေထဲ သူတို့တပ်စွဲထားလို့ လယ်ထဲနဲ့ တောတိုက်တွေမှာ နေကြရတာ ၂ နှစ်ကျော်လောက် ရှိပါပြီ” လို့ ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက သက်ကြီးပိုင်းတွေ ဆွဲခေါ်ကာ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပို့ချနေ

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိရှိတဲ့ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးဆိုပြီး အဖွဲ့တွေဖွဲ့ပေးကာ စစ်သင်တန်းတွေ ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းသုံး ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများတောင်းယူနေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းအတွက် ဝါးသယ်ယူသူတွေဆီကနေ အကြမ်းဖက်စစ်တပ်က ငွေကြေးအမြောက်အများ တောင်းယူနေတယ်လို့ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

သိန္နီမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။