ဇူလိုင်လတစ်လအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နဲ့ ကွတ်ခိုင်မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့ပြီး (၈၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ်ရှိ  ပြည်သူလူထုကို ဦးတည်ပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား(၃) ယောက် သေဆုံးခဲ့သလို အမျိုးသား (၁၈) ယောက်နဲ့ အမျိုးသမီး (၄) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် (၄၅)လုံး၊ စာသင်ကျောင်း (၂) ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂) ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် သေဆုံးခဲ့ကာ အမျိုးသား (၆) ယောက်နဲ့ အမျိုး သမီး(၁) ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၁၇) လုံးနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာလည်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေ ရှိရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် အမျိုးသား (၆) ယောက်နဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး ကလေး (၄) ယောက်၊ အမျိုးသား (၂၇) ယောက်နဲ့ အမျိုးသမီး (၁၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၈) လုံး ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သီပေါမြို့မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၂) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၈) လုံးနဲ့ စာသင်ကျောင်း (၁)ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းလုံမြို့မှာလည်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ကွတ်ခိုင်မြို့မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အမျိုးသား (၄) ယောက်နဲ့ အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘားအံမြို့မှာ တန်ဆောင်တိုင်မီးပုံပျံ အိမ်ပေါ်ပြုတ်ကျရာကနေ မီးလောင်မှုဖြစ်ပွားပြီး ကား ၁ စီးနဲ့ အဆောက်အဦး၂ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ ဘားအံမြို့က မွေးမြူရေးဇုန်မှာ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက မီးပုံးပျံ အဆောက်အဦးပေါ်ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားကာ အဆောက်ဦး ၂ လုံးနဲ့ ကား၁စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရှိနေသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်…

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နဲ့ ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF ( Burma Liberation Democratic Front ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။