ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အရပ်သားအစိုးရလက်ထက်မှာ ဝယ်ယူခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမှတ်(၈)အစုန် DEMU လူစီးရထားကို ခရီးသည်တွေနဲ့အတူ လိုက်ပါစီးနင်းခဲ့တယ်လို့ စစ်တပ် လော်ဘီ သတင်းချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်တို့ ဇနီးမောင်နှံဟာ နေပြည်တော်ကနေ ထွက်လာခဲ့တဲ့ Diesel Electric Multiple Unit-DEMU လူစီး အမြန်ရထားနဲ့ တောင်ငူမြို့ကနေ ရန်ကုန်ဘူတာကြီးအထိ လိုက်ပါစီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အစိုးရလက်ထက်မှာ ဝယ်ယူထားတဲ့ ရထားပေါ် လိုက်ပါစီးနင်းပြကာ သူတို့ရဲ့ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ တိုးတက်နေသဖွယ် ခရီးသွားပြည်သူတွေကို လိုက်လံနှုတ်ဆက်နေခဲ့တာပါ။

အရပ်သားအစိုးရအနေနဲ့ ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးဆွဲဖို့အတွက် ၂၀၂၀ ခုနှစ်က ဝယ်ယူခဲ့တဲ့ DEMU ရထားတွဲကို အကြမ်းဖက်စစ်ကောင်စီက ရန်ကုန် – ပဲခူးပြောင်းလဲပြေးဆွဲခဲ့တာကြောင့်လည်း ခရီးသွားပြည်သူတွေ အခက်အခဲ တွေ့ကြုံခဲ့ရပါသေးတယ်။

NLD အစိုးရလက်ထက် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် ၁ (ရန်ကုန်-တောင်ငူ ၂၆၅ ကီလိုမီတာ) အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ချေးငွေ ဂျပန်ယန်း ၁၂၄.၆၆၃ ဘီလျံသုံးစွဲခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ် စီမံကိန်းအဖြစ် သတ်မှတ် လုပ်ဆောင်ဖို့ လျာထားခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရအနေနဲ့ ဒီဇယ်လျှပ်စစ်နှစ်မျိုးသုံး (DEMU) ရထားတွေကို ဝယ်ယူမယ့် အဆိုပါစီမံကိန်းနှစ်ခုအတွက် ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ဂျပန်ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အသုံးစရိတ် အလွန်အကျွံသုံးပြီး တိုင်းပြည်ဘဏ္ဍာ အိတ်ကပ်ထဲထည့်နေတဲ့ စစ်ကောင်စီက ကျောင်သုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ် ကျင့်သုံးမယ်လို့ဆို

နိုင်ငံရဲ့ စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတဲ့အပြင် ရသမျှ ဘဏ္ဍာငွေ ကိုယ့်အိတ်ကပ်ထဲ ထည့်နေတဲ့ စစ်ကောင်စီက လာမယ့် ပညာသင်နှစ်ကစလို့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ကျင့်သုံးသွားမယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။  
Read More

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို PDF နှင့် KNLA တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်မှ ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအပြား သိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်း​တွေကို တစ်နေ့တည်းမှာ တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNU ဌာနချုပ်ကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရ

ကရင်ပြည်နယ် KNU တပ်မဟာ (၇) နယ်မြေမှာရှိတဲ့ KNU/KNLA ဗဟိုစစ်ရုံးဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

စစ်ံကောင်စီက ဖမ်းမိပြီဆိုသည့် KBZ ဘဏ်ဓားပြ လူပုံစံ မတူတာကြောင့် ဝေဖန်မှုများ မြင့်တက်နေ…

မန္တလေးတိုင်း၊ မန္တလေးမြို့က BKZ ဘဏ်ဓားမြတိုက်မှုမှာ တရားခံဖြစ်သူကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့မှာ ဖမ်းဆီးရမိပြီလို့ ကြေညာခဲ့ပေမယ့် တရားခံရဲ့ လူပုံစံကွဲလွဲနေမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
Read More

ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကြယ်နီတပ်ဦး (RSF) က ထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။