မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကို (၆) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ ကာလမှာ ရဲဘော်တိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေအားလုံးကို ဒီတော်လှန်ရေးအတွက် အလုံးစုံ ပုံအပ်ထားရတာကြောင့် ပြည်သူတွေရဲ့ ‌ပံ့ပိုးကူညီမှုနဲ့ ဒရုန်းတပ်ဖွဲ့ ရဲဘော်တွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အသက်၊ခန္ဓာ စွန့်၍ တိုင်းပြည်အကျိုးသယ်ပိုးသော သူရဲကောင်းလူငယ်များ။ အချိန်ကာလဟာ ရဲဘော်တိုင်းရဲ့ချစ်ရတဲ့သူတွေ၊ မိသားစုအတွက်တော့ တာဝန်လစ်ဟင်းတဲ့အချိန်တွေများပါတယ်။ ဒါတပ်ဖွဲ့အသုံးစရိတ်အားချွေတာခြင်းဖြင့် ရဲဘော်တို့အတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီနိုင်ခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်” လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘားအံမြို့ပေါ်တွင် ပြည်သူများအား BGF တပ်ဖွဲ့များ စစ်ဆေးနေပြီး ၊ မြို့ပြင်ဂိတ်များတွင် KNA တပ်ဖွဲ့များ စစ်ဆေးနေ

“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံတွင် ကျောင်းထိုင်ဘုန်းကြီး ၁ပါးနှင့် ကပ္ပိယဖြစ်သူတို့​ ကျောင်းဝန်းအတွင်း ပစ်သတ်ခံရ

ရှမ်းနဲ့ ကရင်နီအစပ် ဖယ်ခုံမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ပါးနဲ့ အမျိုးသား ၁ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်သွားမယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာနေရာ ၁၂ ခုကို တပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံး …

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာ နေရာ ၁၂ ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ 9/A Nyar Myae Operation အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းခွဲဝင်မှုကြောင့် ရွာ ၁၀ ရွာမှ အရပ်သား ၅ ထောင်ကျော် တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲထိုး ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၁၀ရွာက အရပ်သား ၅ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သားနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ Black Eagle PDF (Bagan) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။