ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ အရင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃)စခန်းကို ပေါင် (၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့ သီပေါမြို့ကို လေကြောင်းအသုံးပြုကာ (၄)ကြိမ်တိတိ ပြည်သူလူထုရှိရာ ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၂) ယောက် သေဆုံးခဲ့ပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၃)လုံး၊ အဆောက်အဦး (၆)လုံးနဲ့ အ.မ.က (၁)ကျောင်းရှိ ကျောင်းဆောင်တွေ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

မြိုင်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်တပ် ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် တစ်ရက်တည်းမှာပဲ စစ်အုပ်စု ၃ကြိမ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၃ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီး

မန္တလေးတိုင်းမှာရှိတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုဟာ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ဆီက သိရပါတယ်။