အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ အနုပညာအသိုင်းအဝန်းက ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဟာသပညာရှင်တွေ၊ ဒါရိုက်တာတွေ တက်ရောက်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနဲ့ နှစ်သက်ရာ အဖွဲ့အစည်းတွေကို မဲပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက စစ်ကောင်စီ အားပေး သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယခုနှစ်အတွင်း KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်အုပ်စု အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ၆ ကြိမ်အထိ ရှိလာပြီဟု KIA ထုတ်ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/ KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အကြမ်းဖက်စစ်အုပ်စုက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ တရုတ် အကြင်လင်မယား နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ KIO/ KIA သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Laiza TV က အောက်တိုဘာ ၁၈ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြပါတယ်။
Read More

ကူမင်းဆွေးနွေးပွဲ စတင်ရန် တစ်ရက်အလိုမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက TNLAထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ TNLA က ထုတ်ပြန်ပါတယ်။
Read More

အောင်လံမြို့အခြေစိုက် ကပစ ၁၅ မှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်၊ စစ်ကောင်စီတပ်က (၃) ဦး သေဆုံးပြီး (၇) ဦးခန့် ထိခိုက်ဒဏ်ရာရရှိ…

မကွေးတိုင်း၊ အောင်လံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၃) ယောက် သေဆုံးပြီး (၇) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသရှိ သရက်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။