မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂ ရက် မနေ့က မနက် ၁၁နာရီ‌ကျော်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက် သေဆုံးပြီး ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ် ၂ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“၁၀ နှစ်သားတစ်ယောက် ဆုံးသွားပါတယ်။ နေအိမ်မှာနေရင်း ထိမှန်သေဆုံးသွားတာ။ စစ်ကြောင်းထိုးလာတာလည်း မရှိဘူး။ ဒီအတိုင်း အကြောင်းမဲ့လာကြဲသွားတာရှင့်” လို့ နွားထိုးကြီးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒဏ်ရာရသွားတဲ့ ဒေသခံတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။ သန်းပင်လှရွာအနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး ဒေသခံတွေလည်း သတိနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် သူစိုးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်ကာ နေအိမ် ၉ လုံး ပျက်စီးသွားခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ရက်ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၀၄ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲက အများစုဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၁၁၁၁ စစ်ဆင်ရေးတပ်‌ပေါင်းစု (၁)နှစ်ပြည့်မှာ ထုတ်ပြန်လိုက်တဲ့ ကျဆုံးရဲဘော်တွေရဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၂ က  နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို လွမ်းဆွတ်တသတဲ့အနေနဲ့ နှစ်ပတ်လည်အခမ်းအနား ပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီက အရပ်သားတွေကို တပ်သားအဖြစ်ရော ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး ခုခံစစ်အတွက် စစ်အင်အားဖြည့်တင်းနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။
Read More

ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု နဲ့ CDF တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား… ပစ်ခတ်မှုအတွင်း CDF တပ်သားတစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းဆီးရမိ…

“ အဲဒီ စကစ စစ်ကောင်စီစစ်ကြောင်း ချင်းတောင်တန်းဘက်ကို လာထိုးတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တာပါ၊ ကျသွားတဲ့ ရဲဘော်က ၂၇ ရက်တိုက်ပွဲမှာ ကျသွားတာပါ ၊ ဒီနေ့မှာတော့ သဂြိုဟ်ပေးလိုက်ပါပြီ ” လို့ ချင်းတော်လှန်ရေးတပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နိုဝင်ဘာလအတွင်း ပြည်သူ ၅ ဦးကို စစ်အုပ်စု ရွေးကောက်ပွဲဥပဒေဖြင့် ထပ်မံဖမ်းဆီးထား၊ ရန်ကုန်တွင် ၂ လအတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦး ရှိ

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့၊ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံး

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ စတင်ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ စီးနင်းသိမ်းပိုက်ခဲ့သည့် မုံရွာ တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီ လေကြောင်း၊ မြေပြင်စစ်ကူထိုးပြီး ပြန်လည်သိမ်းယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓိတစ်ထောင် ဘုရားတောင်ပေါ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့တဲ့  MRTV တာဝါတိုင်စခန်းကုန်းကို လေကြောင်းပစ်ကူများသုံးပြီး စစ်ကောင်စီက ပြန်လည်တပ်စွဲထားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။