မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူဖမ်း၊ ပစ္စည်းခိုးတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူးအပါ စစ်ကောင်စီဘက်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁ ရက်နေ့က ညောင်ဦးမြို့နယ်တောင်ပိုင်း၊ ကြအိုကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို Black Eagle PDF-Bagan အဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရင်း မိနစ် ၂၀ ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်က မိုင်းဆွဲတဲ့အပြင် လက်နက်ငယ်ပါ ပစ်ခတ်ခဲ့တာပါ။ တိုက်ပွဲက မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပါတယ်။ မျက်မြင်အရ သူတို့ဘက် စစ်ကြောင်းမှူးအပါ ၁၀ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်” လို့ Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကို ပြောပါတယ်။

အထက်ပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကတည်းက ဂန့်ဂေါပျူစောထီးရွာကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး ညောင်ဦးအခြေစိုက် ၄၁၅ တပ်နဲ့ ပျူစောထီးတွေအပြင် သံချပ်ကာကားတွေပါ ပါဝင်ကြောင်း သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းဟာ ကြအိုကျေးရွာကို ဝင်ရောက်စီးနင်းရင်း အရပ်သားနေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ခိုးယူကာ ယာယီတပ်စွဲခဲ့သလို တော်လှန်ရေးတပ်နဲ့လည်း ထိတွေ့မှုဖြစ်ခဲ့တာပါ။

ဒါ့အပြင် အထိနာပြီး စစ်ကြောင်းပြန်လည်ဆုတ်ခွာရာမှာလည်း လမ်းတစ်လျှောက် ကျေးရွာတွေက အရပ်သားတွေကို ဝင်ရောက်ဖမ်းဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပြီးတော့ သူတို့ ဂျိုးကန်ရွာမှာ တစ်ညအိပ်တယ်။ ၂ ရက်နေ့ကျတော့ ကန်ကြီးကုန်နဲ့ ချောင်းရှည် ရွာကို ဝင်ပါတယ်။ ကန်ကြီးကုန်က ပြည်သူ ၃ ယောက်ကိုလည်း တစ်ခါတည်း ဖမ်းသွားတယ်။ အဲ့နောက် ချောင်းရှည်ရွာကို ဝင်တယ်။ အဲ့ဒီကမှ တောင်ဇင်းရဲစခန်းထဲ ဝင်သွားတာပါ” လို့ Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “ကျနော်တို့ Black Eagle PDF – Bagan တပ်ဖွဲ့အနေနဲ့ ရန်သူနဲ့ မကြာခဏ ထိတွေ့တိုက်ခိုက်မှု ရှိနေတာကြောင့် စစ်လက်နက်ခဲယမ်းပစ္စည်းတွေ လိုအပ်နေပါတယ်။” လို့လည်း  မောင်းကိုပြောခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ညောင်ဦးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေဟာ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့်လည်း ဘေးလွတ်ရာတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်နဲ့ ထိုင်း ကြားခံဝင်ရောက်လာတဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီအတွက် အသက်ရှူပေါက်ဖြစ်နေ

တရုတ်နဲ့ထိုင်းဟာ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ဝင်ရောက်ညှိုနှိုင်းစေ့စပ် ဆွေးနွေးပေးနေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) မှာ တပ်ရင်းမှူးအပါအဝင် လူကြီးတွေကို သီတင်းကျွတ်ကန်တော့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ (ဗျူဟာ ၄၇) က ရဲဘော်တွေဟာ တပ်ရင်းမှူးအပါအဝင် တပ်ရင်းရှိ လူကြီးတွေမှာ ဒီကနေ့မှာ မြန်မာ့ဗုဒ္ဓဘာသာထုံးတမ်းဓလေ့နဲ့အညီ သီတင်းကျွတ်အခါသမယမှာ ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်မြို့ ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။