မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လမှာ စစ်ကောင်စီက လက်နက်ကြီးတိုက်ခိုက်မှု အနည်းဆုံး ၆ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုတွေအတွင်း အရွယ်မရောက်သေးတဲ့ လူငယ်အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံး၊ စာသင်ဆောင် ၂ ဆောင်နဲ့ လုပ်ငန်းခွင်နေရာတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ ကြောက်ရွံ့ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်း ဇွန်လကုန်ကနေ ဇူလိုင်လကုန်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သံဖြူဇရပ်၊ သထုံနဲ့ ဘီးလင်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း နှစ်ဖက်သေဆုံးသူ ၂၃ ယောက်ထက်မနည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းက အကျဉ်းထောင်တွေမှာလည်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အနိုင်ကျင့် ဖိနှိပိလျက်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အကျဉ်းထောင်အတွင်း အချိန်မှီဆေးဝါးကုသခွင့်မရခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးပြည့်စုံအောင်ဟာ သထုံထောင်ထဲမှာပဲ အသက်သေဆုံးခဲ့ရသလို ရုပ်အလောင်းကိုလည်း မိသားစုဝင်တွေက ပြန်လည်ရရှိခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါ အချက်အလက်တွေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကနေတဆင့် အခြေခံ ရယူထားတာဖြစ်တာကြောင့် မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်အထိ မွန်ပြည်နယ်အတွင်းမှာ အရပ်သား ၁၉၆၈ ယောက် ဖမ်းဆီးခံထားရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၃၃ ယောက်ရှိကာ သတ်ဖြတ်ခံရသူ ၃၁၀ အထိရှိနေပြီလို့ အစီရင်ခံစာအရ သိရပါတယ်။

မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အစီရင်ခံစာ (ဓာတ်ပုံ လဂွမ်းအိမ်)

0 Shares:
You May Also Like
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို အုတ်ဂူတွေမှာကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့ သုသာန်တစ်ခုမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို လိုက်ကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မွန်တပ်ဖွဲ့ (၄) ဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” အဖြစ် စတင်ဖွဲ့စည်း

မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။