ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

MRO/CDF-MATUPI မှာ တာဝန်ထမ်းဆောင်ဖို့ မျိုးချစ်လူငယ် သင်တန်းသား အသစ်တွေကို စတင်ခေါ်ယူနေတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပါဝင်လိုသည့် လူငယ်တိုင်း လာရောက် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

လျှောက်ထားချင်တဲ့ သင်တန်းသားအသစ်တွေအနေနဲ့ အသက် (၁၈-၃၅) နှစ် အတွင်း ဖြစ်ဖို့ လိုအပ်ပြီး ကိုယ်လက် အင်္ဂါပြည့်စုံကာ ကျန်းမာရေး ကောင်းမွန်သူဖြစ်သလို တပ်စည်းကမ်း လိုက်နာနိုင်သူဖြစ်ရမယ်လို့ MRO/CDF-MATUPI က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမည်ဟု PNFC နှင့် PNLA ပူးတွဲထုတ်ပြန်

ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သတင်းတန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး (KNU) ၊ မြိတ်−ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို မေလ (၂၅) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်းမှ ရရှိသော သေနတ် ၁၄ လက်အား တိုက်နယ် ပကဖများနှင့် UG ပကဖများထံ ဂုဏ်ပြုပေးအပ်

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်တွေထဲက သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေထံ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကိုင်းကနေ မုံရွာကိုလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း အနီးကပ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။