မကွေးတိုင်း မြိုင်မြို့နယ် စီမံကိန်းရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTAမှ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးမှုအတွင်း ရဲအုပ်အပါအဝင် စစ်သုံ့ပန်း ၁၂ ယောက် ဖမ်းဆီးမိပြီး ဒဏ်ရာရရှိသူ ၁ ယောက်ကို ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

စခန်းအတွင်းကနေ G3 သေနတ် ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ ကျည်ဘောက် ၁၇ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 ကျည် ၆ ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဇူလိုင် ၉ ရက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့နှင့်မဟာမိတ်တပ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTA
0 Shares:
You May Also Like
Read More

ပဲခူးတိုင်း၊ ဇီးကုန်းအနီးမှာ စစ်ကောင်စီစစ်ကြောင်း ၄ရက်ဆက် တိုက်ခိုက်ခံရပြီး အယောက် ၂၀ ထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF က တိုက်ပွဲမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း ကင်းပတ်နေစဉ် စစ်ကောင်စီတပ်သား ၁ ဦးအား လက်နက်နှင့်တကွ ဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ် ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ရှိ စစ်ကော်မရှင်ရဲ့ ခမရ ၃၄၃ စခန်းကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် မြေအောက်စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကလေးငယ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် မြေအောက်စာသင်ကျောင်းအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနေပြီဖြစ်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

သထုံခရိုင် အမှတ်(၁) PDF တပ်ရင်းကို ပြည်ပရောက်မြန်မာတွေက စောင်တွေလှူဒါန်း (ရုပ်/သံ)

သထုံခရိုင် အမှတ် ၁ PDF တပ်ရင်းမှာ ရဲဘော်တွေ အမှန်တကယ်လိုအပ်နေတဲ့ စောင်တွေကို ထောက်ပို့ပံ့ပိုးကူညီပေးကြတဲ့ ပြည်ပက အမည်မဖော်လိုတဲ့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း အဆိုပါ တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။