ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်မှာ လက်နက်ကိုင်ပျူစောထီး ၁ ယောက်ကို ဝင်ရောက်ဖမ်းဆီးရင်း စစ်ဆေးဖို့ ခေါ်ဆောင်လာချိန် ပြန်ခုခံတာကြောင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၂၈ ရက် ညပိုင်းက ရွာငံမြို့နယ်တောင်ပိုင်း၊ မြင်းကျဒိုးကျေးရွာနေ ပျူစောထီးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကျော်မဲ နဲ့ သားဖြစ်သူကို ရွာငံ ပကဖ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားရာမှာ ဖခင်ဖြစ်သူ ကျော်မဲကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖို့ ခေါ်ဆောင်လာချိန် ပြန်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ကျော်မဲအနေနဲ့ မြင်းကျဒိုးကျေးရွာ ပျူစောထီးခေါင်းဆောင်ဝင်းမြင့်ရဲ့ လက်ထောက်တစ်ယောက်ဖြစ်ပြီး စစ်မှုထမ်းလူစုဆောင်းတာ၊ ငွေကြေးကောက်ခံတာ၊ အနီးအနားကျေးရွာတွေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေ လိုက်လံစုံစမ်းရင်း ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ အပြင် မြင်းကျဒိုးကျေးရွာ၊ ရဲစခန်းရှေ့ ဂိတ်ထောင်ရင်း ဖြတ်သန်းသွားလာတဲ့ ကားတွေဆီက ​​ငွေညှစ်တောင်းခံနေသူ ၁ ယောက်ဖြစ်တယ်လို့လည်း ရွာငံ ပကဖ တာဝန်ရှိသူက ပြောပြပါတယ်။

“ဒီကောင်က တော်တော်ဆိုးတယ်။ အနီးအနားကရွာတွေထဲဝင်ပြီး PDF တွေရှိလား။ လူစိမ်းတွေဝင်လားဆိုပြီးထောက်လှမ်းတယ်။ သတင်းပေးတယ်ပေါ့။ ရှင်းတဲ့နေ့ကလည်း အမှန်ဆို သားအဖ၂ယောက်လုံးကိုဝင်ဖမ်းတာပါ။ ဒါပေမယ့်သားလုပ်သူက အိမ်ကနေ ထွက်တာစောသွားတယ်။ သေနတ်ကလည်းသားဆီမှာပါသွားတာပေါ့။ ရဲဘော်တွေနောက်ကျသွားတော့ ကျော်မဲကိုပဲမိတာပါ။ အဲ့တာအေးဆေးစစ်​ဆေးဖို့ခေါ်လာတာကို လက်မခံပဲရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီး ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ။” လို့ ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်မဲဟာ ရွာငံမြို့နယ်အတွင်းနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်မှုထမ်းဟောင်းတစ်ဖြစ်လဲ မြင်းကျဒိုးရွာ ပျူစောထီးခေါင်းဆောင်ဝင်းမြင့်ရဲ့လက်ရင်း တပည့်ဖြစ်သလို ဝင်းမြင့်ရဲ့ ချဲဒိုင်၊ လောင်းကစားဒိုင်နဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေအတွက် ကူညီပေးသူဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီး နောက်နေ့မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက အခင်းဖြစ်ပွားရာကျေးရွာအပါဝင် ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

ကပစ စက်ရုံများဆီ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂျိုင်ရိုကော်ပတာများကိုလည်း ပစ်ချနိုင်ရန် ကြိုးစားနေကြောင်း မြိုင်ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ် ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက်အပါ ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည်စီးပွားရေး ကျဆင်းနေလို့ ကျေးရွာတွေကို မိးရှို့ဖျက်စီးနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ အားစိုက်ဖို့ တိုက်တွန်းပြန်

မြန်မာ့စီးပွားရေးက  ဆိုးဆိုးရွားရွားကျဆင်းနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။