ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့ကို လျှပ်စစ်မီးဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ လျှပ်စစ်မီးဖြတ်တောက်မှုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကတည်းက စတင် ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလို အချိန်ကြာရှည်စွာ လျှပ်စစ်မီး ဖြတ်တောက်ခံရတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

“ ၁ ပတ်လောက်မီးဖြတ်ခံရတာက သိပ်မသိသာခဲ့ဘူး။ အခုက ရက်ပေါင်း ၂၀ ကျော်လာတော့ လူတွေက ခက်ခဲလာကြပြီ။ တိုက်ပွဲတွေကြောင့် လမ်းတွေကလည်း ပိတ်ထားပြီး လျှပ်စစ်မီးပါမရတော့ ကောလဟာလထွက်နေတာက ဖြတ် ၄ ဖြတ်လုပ်တယ်ပေါ့” လို့ ဖားကန့်မြို့ခံတဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့်လည်း မြေပြင်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်တာကို မတွေ့ရတော့ဘဲ ညဘက်တွေမှာသာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံတွေကိုတော့ ကြားနေရဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပုံစာ – လျှပ်စစ်မီးအတွက် ဖားကန့်ပြည်သူများ လျှပ်စစ်ဓာတ်အား သွင်းနေပုံ

လျှပ်စစ်မီးမရတာကြောင့် ဒေသခံတွေက နေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့ ထမင်းဟင်းချက်ပြုတ်တာ၊ ရေတင်တာ၊ ဖုန်းအားသွင်းတာ စတဲ့ အထွေထွေ လုပ်ဆောင်ချက်တွေကိုတောင် ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ဖားကန့်မြို့ရဲ့ လျှပ်စစ်မီးလာရာ လမ်းကြောင်းကိုလည်း စစ်ကောင်စီတပ်တွေက ချုံ၊ နွယ်တွေကို ရှင်းလင်းနေတယ်လို့ အကြောင်းပြပြီး အခုလို လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ထားတာ ဖြစ်သလို ဓာတ်အားဖြတ်တောက်ခံထားရတဲ့ အချိန်အတောအတွင်းမှာ ဓာတ်အားကို အချိန်ပိုင်းလေးတောင် မရရှိပဲ လုံးလုံး ဖြတ်တောက်ခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖားကန့်မြို့ခံကပဲ “၂၀၂၁ နောက်ပိုင်းမှာ မီးပျက်တာတွေက ပိုဆိုးလာတာပေါ့။ ဘယ်သူ့ကို မေးလို့ မေးရမှန်းမသိ၊ ဘယ်ဌာနမှလည်း တာဝန်ယူမှုမရှိ။ ဒါကထားပါ။ အရင်က ပြတ်တယ်ဆိုတာက အလွန်ဆုံး ၁ ပတ်ပေါ့၊ ချုံရှင်းတယ်၊ ချုံခုတ်တယ်တယ်ဆိုတာက ပုံမှန်ပါပဲ။ ဒီလို ၁လကြာအောင် ပြတ်တောက်တာမျိုးတော့ မရှိဖူးဘူး။ တော်တော်ကို ခက်ခဲပါတယ်” လို့ ပြောဆိုထားပါတယ်။

ဖားကန့်မှာ အခုလို လျှပ်စစ်မီး ဖြတ်တောက်ခံထားရတာအပြင် ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ခရီးသွားတွေရော၊ ကုန်ပစ္စည်းတွေကိုပါ ဖြတ်သန်းသွားလာခွင့်မပြုတာကြောင့် ဖားကန့်မြို့မှာ အခြေခံစားသောက်ကုန်က အစ ကုန်ဈေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ကျေးရွာဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ဘက် စံဖဲကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့နေ ပြည်သူများ စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရရှိထားလျှင် ပြန်အပ်နှံဖို့ CDF – Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

KK Park အတွင်း အဆောက်အဦး ၁၀၀ ကျော် ဖောက်ခွဲဖျက်ဆီးပြီးကြောင်း မတတ်သာဘဲ ကျားဖြန့် ဟန်ဆောင်နှိမ်နင်းပြနေသည့် စစ်ကော်မရှင် ထုတ်ပြန်

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲက လူတွေကို အာဏာသိမ်းစစ်တပ်က မောင်းထုတ်ပြီးတဲ့နောက် KK Park အတွင်း ဖောက်ခွဲမှုတွေ နေ့စဥ်လုပ်ဆောင်နေရာ အဆောက်အဦး ၁၀၁ လုံးအထိ ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။