ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကောင်စီရဲ့ လက်နက်အင်းအာဖြည့်တင်းဖို့ ထွက်ခွာလာတဲ့ စစ်သင်္ဘောတွေဟာ ဗန်းမော်မြို့ကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကတည်းက မန္တလေးမြို့ကနေ အဆိုပါ စစ်သင်္ဘောတွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ကို ထွက်ခွာလာခဲ့တာဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၁ ရက် ညပိုင်းမှာ စစ်ကောင်စီရဲ့ သင်္ဘောတစ်ချို့ဟာ ဗန်းမော်မြို့ကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကူလာတဲ့ စစ်သင်္ဘောတွေ သွားရာလမ်းတလျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဗန်းမော်မြို့ကို မရောက်ရေးအတွက် ကြားဖြတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်မှာလည်း ရွှေကူမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်စဉ်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁စီးနဲ့ ရိက္ခာတွဲသင်္ဘော ၁ လက်နက်ကြီး ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံလာတာတွေ့ရပါတယ်။

လက်ရှိ ဗန်းမော်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘောအရေအတွက်ဟာ ၁၇ စင်းဖြစ်တယ်လို့ ကနဦး သိရပေမယ့် မောင်းအနေနဲ့တော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အခုလို အခြေအနေတွေ တင်းမာနေတာကြောင့် ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေသလို စစ်ကောင်စီတပ်တွေကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ မျှဝေထားကြပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့၊ စစ်ကောင်စီတပ်က အရပ်သား (၂) ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဆောင်းရာသီ ဝင်လာပြီဖြစ်တာကြောင့် ဂန့်ဂေါနယ်မှ စစ်ရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ပူးပေါင်းပြီး ဒေသတွင်းနေထိုင်သူ ပြည်သူတွေကို လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။