ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။

(၃၇)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုကို ပါဝင်ဆင်နွှဲကြဖို့ ရန်ကုန်လူထုသပိတ်အဖွဲ့က တိုက်တွန်းထားပြီး၊ အခုအကြိုလှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ Venom စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့်နဲ့ တိုက်ပွဲဝင်ရဲဘော်များအားလုံးကို အထူးပင်လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။

ဓတ်ပုံ- ရန်ကုန်လူထုသပိတ်အဖွဲ့
0 Shares:
You May Also Like
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

မင်းတပ်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန် ရှိနေသေးတာကြောင့် ပြည်သူများကို ဝင်ရောက်ခွင့်မပြုသေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပြည်သူတွေအနေနဲ့ လတ်တလော မင်းတပ်မြို့ကို ဝင်ထွက်ခြင်းမပြုဖို့ ချင်းညီနောင်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ ရခိုင်ပြည်နယ် ကျောက်တော်ကို ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူနေရပ်ကွက်ထဲကို မနေ့က သင်္ကြန်အကြိုနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်ကို ဆပ်ကြေးကောက်ဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution Army ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။