မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ သြဂုတ် ၂ ရက် နံနက်ပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဗုံးကလမ်းမပေါ်ကျတာကြောင့် လမ်းတဖက်တချက်မှာ နေထိုင်တဲ့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးသွားတာလို့ သိရတာပါ။ အများအပြားလည်း ဒဏ်ရာရတယ်လို့လည်း ထပ်မံသိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

မြိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းတွေကို ၃ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြိတ်မြို့နယ် လသာကျေးရွာ ဘုရားကုန်းဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားရှိရာနေရာကို ၄၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး တုံဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့မှာ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူများအားအနိုင်ကျင့်ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ် ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီတော် ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။