မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

တညောင်စခန်းသိမ်းတိုက်ပွဲက အောင်ပွဲနဲ့ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ကျေးရွာနေ ပြည်သူလူထု၊ လူကြီးလူငယ်တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းပန်းတသာ ကြိုဆိုခဲ့တယ်လို့ ဩဂုတ်လ ၂ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တညောင်ရဲစခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေက ဇူလိုင်လ ၃၀ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ပြီး စစ်‌ကောင်စီ ရဲတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးကာ ၂ ဦး လက်နက်ချအညံ့ခံခဲ့တဲ့အပြင် သေနတ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီးနောက် စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက် ဆက်လက်ကြိုးစားအားထုတ်သွားမှာ ဖြစ်တယ်လို့လည်း စလင်းမြို့နယ် ပကဖ က အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

NUG အားနည်းချက်များရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ဝန်ခံပြောကြား.. တိုင်းရင်းသား အင်အားစုကြီးများ အစိုးရအဖွဲ့ထဲ ပါလာရန် ကြိုးပမ်းသော်လည်း အကန့်အသတ်များ ရှိနေဟု ဆို..

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို ကျရှုံးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါ ကျရှုံးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းများ နုတ်ထွက်ခွင့်ပြုခြင်းဟာ မက်လုံးပေးဝါဒဖြန့်ရုံသက်သက်ဖြစ်ကြောင်း CDM တပ်ကြပ်ကြီး နောင်ရိုးပြော

တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးအလင်းဝင်ရောက်တာမျိုးနဲ့ မြေပြင်မှာ ခက်ခက်ခဲခဲ တပ်သားစုဆောင်းနေရတာတွေ လျှော့ချတားဆီးနိုင်ဖို့ စစ်အုပ်စုက စစ်မှုထမ်းတပ်သား အနည်းအကျဥ်းကို လှည့်ဖျားဝါဒဖြန့်ရုံသက်သက် နုတ်ထွက်ခွင့်ပြုတာတွေ လုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ဆိုင်ရာ သုတေသန တာဝန်ခံ CDM တပ်ကြပ်ကြီး နောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်အနီးတိုက်ပွဲအတွင်း CDF တပ်သားတစ်ယောက် ကျဆုံး

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force - Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။