စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူတွေအတွက် အိမ်ထောင်စုအလိုက် အိမ်အသုံးအဆောင်၊ ခြင်ထောင်နဲ့ စားသုံးကုန်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် ထမင်းနဲ့အာဟာရတွေ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ကျွေးမွေးရာမှ စာသင်ကြားနေတဲ့ကျောင်းအတွင်းက ကလေးငယ်တွေကိုပါ အလှူရှင်တွေကိုယ်စား အာဟာရတွေ ကျွေးမွေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သမိုင်းဝင်ခြံအမှတ် ၅၄ ကိုလျှော့စျေးဖြင့် လေလံတင်မတင် ရက်ပိုင်းအတွင်း တရားရုံးကဆုံးဖြတ်မည်

ရန်ကုန်မြို့က သမိုင်းဝင် ခြံအမှတ် (၅၄) ကိုလျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင်ရက်ပိုင်းအတွင်းတရားရုံးက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။