စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက ဇီးဖြူကုန်းပျူရွာ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးသွားတယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ယောက်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ဇီးဖြူကုန်းပျူရွာကိုတိုက်ခိုက်နေချိန် စစ်အုပ်စုဘက်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒုတပ်ရင်းမှူး ဦးကံ (ခ) ဗိုလ်စစ်မုန်းအပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသွားပြီး ၃၀ ကျော်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ၄င်းကဆိုပါတယ်။

တိုက်ပွဲအတွင်း ကျသွားတဲ့ ဦးကံ (ခ) ဗိုလ်စစ်မုန်းရဲ့ ရုပ်အလောင်းကို ပြန်လည်ကောက်ယူဖို့အတွက် ရဲဘော်တွေက ကာပစ်ရင်း ရုပ်အလောင်းကို ရအောင်ထမ်းထုတ်သယ်ယူခဲ့တယ်လို့ သိရပါတယ်။
“ရှေ့ Fighter role မှာ စစ်ကောင်စီ ဖိုတီးကျည် ထိမှန်ကျဆုံးတာ၊ အလောင်းကတော့ ပြန်ရတယ်၊ အလောင်းကို နောက်ကရဲဘော်တွေက ကာပစ်ပစ်ရင်း ထမ်းထုတ်ခဲ့ရတာ” လို့ အဆိုပါတော်လှန်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူက မောင်း ကိုပြောပါတယ်။

ပစ်ခတ်မှုအတွင်း ထိမှန်ဒဏ်ရာရတဲ့ ရဲဘော်တွေကတော့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း စစ်ကြောင်းမှူးက ကျသွားတဲ့အတွက် ဇီးကုန်းပျူရွာကို မသိမ်းနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

“စခန်းကလည်းအခုချိန်ထိ မသိမ်းနိုင်ခဲ့ဘူး၊ ဒုတပ်ရင်းမှူးက စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့တာမို့လေ၊ စစ်ကြောင်းမှူးကိုယ်တိုင်ကျတယ်ဆိုတော့ ပြန်ပြီးတော့ ဆုတ်လာရတာ… ကျတဲ့ရက်ညနေမှာ ပြန်ဆုတ်တာ သံပြားကာထားတဲ့ဘတ်ဖိုးတစ်စီးပါ ရွာအနီး ဘန်ကာမှာကျန်ခဲ့တာ ဘတ်ဖိုးမောင်းတဲ့လူပါ သေတယ်၊ ဘတ်ဖိုးသမားလည်းရဲဘော်ပါပဲ” လို့ ၄င်းက မောင်းကိုဆက်ပြောပါတယ်။

ကျဆုံးသွားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း – ၆ က ဒုတပ်ရင်းမှူး ဦးကံ (ခ) ဗိုလ်စစ်မုန်းကို ဩဂုတ် ၁ ရက်နေ့မှာ သဂြိုဟ်ပေးခဲ့ပြီး၊ သဂြိုဟ်တဲ့နေ့မှာလည်း စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသေးတယ်လို့ ဆိုပါတယ်။ ဦးကံ ကျဆုံးသွားတဲ့အတွက် တပ်ဖွဲ့အတွက်ဆိုတာထက် တော်လှန်ရေးအတွက် နစ်နာဆုံးရှူံးမှုကြီးတစ်ခုဖြစ်တယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။

ဦးကံဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မတ်လလောက်မှာ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်ခဲ့သူဖြစ်သလို တိုက်ပွဲပေါင်း ရာဂဏန်းနီးပါးကို ကွန်မန်ဒါအဖြစ် ရဲဘော်တွေရဲ့ရှေ့ကနေ ဦးဆောင်တိုက်ပွဲဝင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲလွန် ကာလတွေအထိ အတူရပ်တည်ပေးဖို့ နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အဆိုပါအတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ အတုအယောင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆက်လက်အသိအမှတ်မပြုဖို့ NUCC က နိုင်ငံတကာကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံအများစုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အသိအမှတ်မပြုတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့တာပါ။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်ပေးရန် အလှည့်ကျလာပြန်

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေကို ခြိမ်းခြောက် ဝါဒဖြန့်ခိုင်းနေရာမှာ သရုပ်ဆောင်တွေပြီးတဲ့နောက် အဆိုတော်တွေအလှည့် ရောက်လာပြန်ပါပြီ။