ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာသုံးကာ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၃၁) ရက် မနေ့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၃၂) နှစ်အရွယ် အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး အသက် (၄၂) နှစ်အရွယ် အမျိုးသားနဲ့ အသက် (၆၈) နှစ်အရွယ် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၈) လုံးနဲ့ အိမ်စီးကား (၁) စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာမှာလည်း ပြီးခဲ့တဲ့ဇူလိုင်လ (၃၀) ရက်က စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး(၂) လုံး၊ လက်နက်ကြီး (၁၀) လုံး၊ ဒရုန်း (၂) စီးနဲ့ ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း Suu Foundation သတင်းထုတ်ပြန်၊ လုံလောက်တဲ့ ဆေးကုသပေးမှုရှိမရှိ မသိရ

ပြီးခဲ့တဲ့ မတ်လ (၂၈) ရက်မှာ ဖြစ်ပွားခဲ့တဲ့ အင်အား (၇.၇) အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် အကျဉ်းထောင်အဆောက်အအုံ ပျက်စီးခဲ့မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့တယ်လို့ Suu Foundation က ဇွန်လ ၁၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။