မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိ ယာယီသမ္မတရာထူးကို ကိုယ့်သဘောနဲ့ကိုယ် ရဘူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလ (သြဂုတ်) ကစလို့ လာမယ့် ၆လအတွင်း နိုင်ငံတကာကို ပုံရိပ်တစ်ခုအနေနဲ့ ချပြနိုင်ဖို့ အတုအယောင် ရွေးကောက်ပွဲ လုပ်ဆောင်သွားဖို့ ရှိနေပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဖိအားပေးလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စေတုတ္တရာ ပကဖကတော့ အခုလိုမျိုး တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန် စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေး ကျရှုံးနေပြီး ထွက်ပေါက်ပိတ်နေတာကြောင့် အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲကို စီစဥ်နေတာဖြစ်ကာ အဆိုပါရွေးကောက်ပွဲအတွက် ပါဝင်၊ ကူညီ၊ စည်းရုံးသူတွေကို စေတုတ္တရာမြိင့နယ်အတွင်း ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ တော်လှန်ရေးအားကောင်းရာ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှု;ရုံးက ကျေးရွာတွေထဲ ရွေးကောက်ပွဲလုပ်ဆောင်နိုင်ဖို့ လစ်လပ်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အသဲအသန်ပြန်လည် ခန့်အပ်လာကြောင်း သိရပါတယ်။

“ဒီမှာက ဇူလိုင်လ လကုန်ကတည်းက သူတို့စိုးမိုးတဲ့ရွာတွေမှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ဆိုပြီး အုပ်ကြီးတွေ ပြန်ခန့်နေတယ်ပေါ့။ အုပ်ကြီးတွေကလည်း ကျနော်တို့တော်လှန်ရေးအင်အားစုတွေ သတိပေးထားလို့ နုတ်ထွက်ထားကြတာအများကြီးပဲ။ အဲ့တာ မဖြစ်မနေပြန်ခန့်နေတာပါ။” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အခုလိုမျိုး ရွေးကောက်ပွဲလုပ်ဆောင်ရာမှာ မကူညီတဲ့ကျေးရွာတွေနဲ့ အုပ်ချုပ်ရေးမှူးမရှိတဲ့ ကျေးရွာတွေကိုလည်း တော်လှန်ရေးအားပေးကျေးရွာအဖြစ် စစ်ကောင်စီက အရေးယူတာမျိုးရှိတယ်လို့ သိရပါတယ်။

“အရင်ကလည်း ကျနော်တို့ စစ်မှုထမ်းမဲကောက်တာ ၊ သန်းကောင်စာရင်း ကောက်တာတွေအပေါ် သတိပေးတာ၊ အရေးယူတာတွေလုပ်ခဲ့ပါတယ်။ သက်ရောက်မှုလည်းရှိခဲ့ပါတယ်။ ကိုယ်တိုင်စိတ်ပါပြီး ဆိုးဆိုးရွားရွားလုပ်တာလား။ ဖိအားပေးခံရလို့လားဆိုတာ အဆင့်သတ်မှတ်တယ်။ တစ်ယောက်ချင်းကို သတိပေးစာတွေပို့တယ်။ တစ်ကြိမ် နှစ်ကြိမ် မှ မဆင်ခြင်ဘူး။ ဆိုးဝါးနေရင်တော့ အရေးယူတဲ့အဆင့်ပေါ့။ တချို့ကလည်း အယူခံဝင်ကြတယ်။ ဒီအခါ အပြန်လှန်ကူညီနိုင်အောင်ကြို;စားတယ်ပေါ့” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နဲ့ ၂၃ရက်နေ့တွေကလည်း ကူတော်ပျူစောထီးရွာအပါအဝင် စေတုတ္တရာ -ငဖဲလမ်းပိုင်းတစ်လျှောက်ကို စေတုတ္ထရာမြို့နယ်ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်ထက် တစ်မနက်အတွင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၃ မြို့မှာ ဓားပြတိုက်၊ လူသတ်မှုတွေ ဖြစ်ပွား

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့နယ်တွေမှာ ဒီဇင်ဘာလ ၂၆ရက်၊  ဒီနေ့တစ်မနက်အတွင်းမှာပဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။