မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၆ ရက်က ကမ္မမြို့ပေါ် ရဲစခန်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပြောက်ကျားတပ်ဖွဲ့၊ PI PDF၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)နဲ့ TWF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – RED GIANT

0 Shares:
You May Also Like
Read More

မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် စစ်သား ၂ ဦး သေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက် ဒဏ်ရာရရှိ (ရုပ်သံ)

မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံက သိရပါတယ်။
Read More

သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူအတွင်းရှိ စစ်အုပ်စုအထိုင်ချထားတဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်အုပ်စုအထိုင်ချ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်မနေ့က ရေဖြူမြို့နယ်အတွင်း စစ်အုပ်စု အင်အား ၃၀ ကျော် ရှိနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများရှိရာ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။
Read More

ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားသည့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း PDF Pekhon ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PDF Pekhon က ထုတ်ပြန်ထားပါတယ်။