စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာဟာ ဇူလိုင်လ ၃၁ ရက် မနက် ၁နာရီ ၄၅ မိနစ်မှာ သာစည်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်အိမ်ရွှေ (၆၃) နှစ်နဲ့ မြေးဖြစ်သူ ဆောင်းဝတီချို (၄) နှစ်တို့ သေဆုံးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃ ယောက် အပါအဝင် ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ဘာထိတွေ့မှုမှမရှိဘူး။ ဒီအတိုင်း လာကြဲသွားတာ၊ မြေးအဖွား ၂ယောက်ရဲ့ အိမ်ပေါ်ကို ပေါင် ၅၀၀ ဗုံးသီးကျတယ်။ ၂ယောက်လုံး ဆုံးသွားတယ်။ သင်္ဂြိုဟ်တာတွေကိုလည်း ချက်ချင်းလုပ်ပေးလိုက်တယ်” လို့ ကန့်ဘလူ နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံးနဲ့ နွားစာကဲ (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတွေထဲက ဦးမောင်သိုက် ဆိုသူကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

“လေယာဥ်တက်လာတာ သိပေမယ့် ညအချိန်မတော်.. ပြည်သူလူထု အကုန်လုံးကို အသိပေးနိုင်စွမ်း မရှိဘူးလေ။ ပြည်သူလူထုလည်း အိပ်နေတာဆိုတော့ တက်လာတာကိုသိတယ်။ ဒါပေမယ့် ဘယ်ကို ပစ်မယ်ဆိုတာတော့ အစ်ကိုတို့လည်း မသိနိင်ဘူးလေ”။ သာစည်ရွာဟာ အခုလို လေကြောင်းတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ် ဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

သာစည်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ချောင်းဦးမြို့အဝင် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံက သိရပါတယ်။