နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်ကနေ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၉) ယောက်နဲ့ အမျိုးသား (၅၅) ယောက် စုစုပေါင်း (၁၀၄) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၅) ယောက် ပါဝင်ပြီး သေဆုံးသူ (၁၀၄) ယောက်အနက် (၇၁) ယောက်က စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး (၂၂) ယောက်ကတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူ (၁၀၄) ယောက်ထဲမှာ စစ်ကိုင်းတိုင်းက (၄၄) ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး အဆိုပါ ကာလအတွင်း အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးသူအရပ်သား အယောက် (၁၄၀) ကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ AAPP က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနဲ့ဆက်စပ်တဲ့ အမျိုးသမီး (၄) ယောက်နဲ့ အမျိုးသား (၁) ယောက် စုစုပေါင်း (၅) ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပုလဲမြို့နယ် ပအဖက နှစ်သစ်မှာ စစ်ဘေးရှောင်တွေ၊ CDM တွေနဲ့ စစ်မှုထမ်းမဲပေါက်လို့ ထွက်ပြေးလာသူတွေကို ကူညီထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ အဖွဲ့က ၂၀၂၅ နှစ်သစ်မှာ ပုလဲမြို့နယ်အတွင်း လာရောက်ခိုလှုံနေထိုင်နေတဲ့ မကွေးတိုင်း‌၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ပြုလုပ်ထားသူတွေနဲ့ စစ်မှုထမ်းမဲပေါက်တာကြောင့် ထွက်ပြေးလာသူတွေကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။