စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အထိ ခရီးဆန့်နိုင်နေပြီဖြစ်တဲ့ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်မယ့် အခြေအနေတွေ စီမံဆောင်ရွက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG ဝန်ကြီးအချို့အနေနဲ့ မြေပြင်ပကတိအခြေအနေတွေကို သိရှိပြီး စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမယ်လို့ ပြောဆိုထားပါတယ်။

“ဝန်ကြီးတချို့လည်း စစ်ကိုင်း၊ မကွေးဘက် ခရီးတွေ ဆန့်နိုင်နေကြပြီဖြစ်တာမို့ ပကတိအခြေအနေတွေကို ပိုသိရှိပြီး၊ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်မယ့်၊ ပိုမိုထိရောက်မယ့် အခြေအနေတွေကို စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ မြေပြင်ပကတိအခြေအနေဆိုတာ စစ်ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ဘူးဆိုတာ နားလည်ကြရမှာ ဖြစ်ပါတယ်။ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ … အုပ်ချုပ်ရေးကဏ္ဍ ဖော်ဆောင်မှုတွေဟာ ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်တာကြောင့် အစကောင်းဖို့လည်း လိုပါတယ်” လို့ မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားထားပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ မူဝါဒတွေ ချမှတ်ရာမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ဖို့ကိုလည်း NUG ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
“တော်လှန်ရေးအခြေအနေအရ မြောက်ပိုင်း၊ တောင်ပိုင်း ခွဲပြီး ပြောနေကြရတယ်ဆိုပေမယ့် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ အစိုးရဖြစ်တာကြောင့် မူတွေချမှတ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေနဲ့ ချိန်ဆ ချမှတ်ကြရမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းအတွက် တစ်မျိုး၊ တောင်ပိုင်းအတွက် တစ်မျိုးဖြစ်လို့ မရပါဘူး။ မူတွေကို အကောင်အထည်ဖော်ကြတဲ့အခါမှာတော့ အခြေအနေအရ နေရာဒေသအလိုက် ချိန်ညှိပြီး စဥ်းစားကြရတာတွေ ရှိနိုင်ပါတယ်။ ဒါကိုတော့ အစိုးရအဖွဲ့ဝင်တွေ ကောင်းစွာသဘောပေါက် နားလည်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောဆိုထားပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် က ပေါင်းစပ်ရုံး လုပ်ငန်းစဉ်နဲ့ ရုံးအသုံးစားရိတ် တင်ပြဆွေးနွေးခဲ့သလို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းသုံး ဘက်ဂျက်တွေ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သန်းခေါင်စာရင်းကောက်နေသူ ၉ယောက်ကို လောင်းလုံး ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ အသိပေး …

"စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အ‌ခြေအနေတခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် ... အားပေးလိုပါတယ်"
Read More

NUG ဒုဝန်ကြီး ​ဒေါ်အိသဉ္ဇာမောင်နဲ့ ဒီမော့ဆို PDF တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်က ကရင်နီပြည်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် - DMO PDF နဲ့ တွေ့ဆုံပြီး နိုင်ငံရေး အခြေအနေတွေ ရှင်းလင်းတင်ပြခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
Read More

ငလျင်ဘေးနဲ့ ကြုံနေရချိန် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု ၉၂ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၇၀ ကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးထုတ်ပြန်ပါတယ်။