မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ ဇွန်လ ၁၂ ရက် ညပိုင်းက ဂန့်ဂေါမြို့နယ် ရွာစည်ကျေးရွာကို ခလရ ၅၀တပ်က ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပြီး အရပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်တွေ ရွာကိုဝင်ရောက်စီးနင်းနိုင်ဖို့ ရွာစည်ကျေးရွာ၊ ရပ်ကျေးပအဖ တာဝန်ခံ ဦးအောင်မျိုးဝင်း (ခ) ကိုမျိုးဆိုသူက သတင်းတွေ ပို့ပေးနေခဲ့တာဖြစ်ကြောင်းနဲ့ စစ်ကြောင်းပြန်လည်ဆုတ်ခွာချိန်မှာတော့ သူတို့မိသားစုလည်း တစ်ပါတည်းလိုက်ပါသွားခဲ့ကြောင်း နွေဦးအလင်းရောင်က ပြောပါတယ်။

ဇွန်လ ၁၂ ရက် ညပိုင်း စီးနင်းခံရမှုကြောင့် ရွာစည်ကျေးရွာနေ အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ယောက် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာ ၇ ယောက်သာ ပြန်လည်လွတ်မြောက်သေးကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ထံ ပူးပေါင်းသွားသည့် ရွာစည်ရွာ ရပ်ကျေးပအဖ တာဝန်ခံ ဦးအောင်မျိုးဝင်း (ခ) ကိုမျိုး

ဒါ့အပြင် ဇူလှိုင်လ ၂၀ရက် ညမှာလည်း ရွာစည်ကျေးရွာကို ဒုတိယအကြိမ် ဝင်ရောက်စီးနင်းရင်း အမျိုးသား ၁ယောက်ကို ဖမ်းခေါ်သွားသေးတယ်လို့ နွေဦးအလင်းရောင်က ပြောပါတယ်။

“ဒီလို ရပ်ကျေး ပအဖ တာ၀န်ခံတယောက်က စကစနဲ့ သတင်းပေးလုပ်နေတယ်ဆိုတော့ အခြား တော်လှန်ရေးအဖွဲ့တွေ အားလုံးလည်း သတိပြုစရာပါ။ အဖွဲ့တိုင်းလည်း သေချာစိစစ်ပြီး သတင်းပေးတွေကို စစ်ထုတ်ကြရမယ်လို့ မြင်မိတယ်ဗျ… ဒီလိုအတွင်းလူကနေ သတင်းတွေပေးနေတာဟာ တော်လှန်ရေးလှုပ်ရှားနေတာတွေအတွက် အတော်ကို အနှောင့်အယှက်ဖြစ်ရတယ်။” လို့ ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကိုပြောပါတယ်။

ဒီလိုမျိုး ရပ်ကျေးပအဖ တာဝန်ခံတစ်ယောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အပေါ် မောင်းသတင်းဌာနအနေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်ထားပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ် ရပ်ကွက် ၄ခုအပြင် ရှောက်ပင်(အောင်မြင်)၊ မြောက်ခင်ရန်း၊ ဟံသာ၀တီနဲ့ ကျေးရွာတချို့ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပေမယ့် ခလရ ၅၀တပ်က ဗျူဟာမှူး လှမျိုးထွဋ်ဆိုသူ ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းတွေကတော့ မကြာခဏဆိုသလို စစ်ကြောင်းဝင်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်ဟု NUGဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 
Read More

နိုင်ငံတစ်ဝန်း ငလျင်ဒဏ် ၅ ရက်တာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရကြောင်း  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။