မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာပြီးနောက်ပိုင်း ၄ နှစ်ခွဲကြာမြင့်ချိန်မှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိ က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ခွဲကြာတဲ့အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်များ စွာ ဆက်လက်ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားအကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေမှာ စစ်အစိုးရက အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ပြောဆိုထားတာပါ။

ဂျပန်နိုင်ငံအနေနဲ့ အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီနိုင်ငံရေးစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ယုံကြည်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နိုင်ငံရေးတိုးတက်မှုတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးတာနဲ့ သက်ဆိုင်ရာပါတီတွေအကြား တွေ့ဆုံဆွေးနွေးမှုမရှိဘဲ ရွေးကောက်ပွဲပြုလုပ်ရင် မြန်မာ ပြည်သူတွေကနေ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေကိုသာ ကြုံတွေ့ရနိုင်တာကြောင့် ငြိမ်းချမ်းတဲ့ဖြေရှင်းမှု ပိုခက်ခဲလာစေမယ့်အပေါ် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ  အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်ထူထောင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ တိုက်တွန်းကြောင်း ဆိုထားပါတယ်။

ဒါအပြင် နိုင်ငံတဝန်း အပစ်အခတ်ရပ်စဲရေးတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ပြီး ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းအတွက် အဖွဲ့အစည်းအသီးသီးက ရိုးသားစွာ ကြိုးပမ်းမယ်လို့ မျှော်လင့်သလို ဂျပန်နိုင်ငံအနေနဲ့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပါအဝင် ဘုံသဘောတူညီချက် ငါးချက်  အကောင်အထည်ဖော်ရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံတယ်လို့ ဆိုပါတယ်။

အခုနှစ်မတ်လအတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာပြည်သူတွေ အသက်မွေးဝမ်းကျောင်း ထိခိုက်ခဲ့ရတဲ့အပေါ် ပြည်သူတွေ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့်နည်းလမ်းနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် ပြည်သူ့ဘဝတိုးတက်ရေးအတွက် အထောက်အပံ့တွေကို တက်ကြွစွာ ပံ့ပိုးပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။