ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာသုံးကာ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၃၁) ရက် မနေ့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၃၂) နှစ်အရွယ် အမျိုးသမီး (၁) ယောက် သေဆုံးခဲ့ပြီး အသက် (၄၂) နှစ်အရွယ် အမျိုးသားနဲ့ အသက် (၆၈) နှစ်အရွယ် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၈) လုံးနဲ့ အိမ်စီးကား (၁) စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာမှာလည်း ပြီးခဲ့တဲ့ဇူလိုင်လ (၃၀) ရက်က စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး(၂) လုံး၊ လက်နက်ကြီး (၁၀) လုံး၊ ဒရုန်း (၂) စီးနဲ့ ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက် စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဒုရဲအုပ်အပါ ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ ဒုရဲအုပ် အပါအဝင် ၅ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကြောင့် မြစ်ဘေးဝဲယာကျေးရွာများ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ် သတိထားနေရ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ကို ဆန်တက်နေတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဆက်တက်ဖို့ရှိနေတယ်လို့  Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ပျူရွာမှာ ရက်ပေါင်း ၂၀ လောက် ထမင်းအစား ပဲပြုတ်သာ စားခဲ့ရတဲ့ ပြည်သူ ၇ ယောက်ကို PDF တွေ ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာကနေ အငတ်ဘေးကြုံလို့ ထွက်ပြေးလာတဲ့ ပြည်သူ ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေ ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် UFC Fight ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ဖြစ်သူ ဘရန်ဒန် ရိုဗာကို အကြိတ်အနယ်ထိုးသတ်ပြီး ထိုက်တန်စွာအနိုင်ရရှိ

ဒီကနေ့ကျင်းပတဲ့ UFC 317 မှာ မြန်မာကို ကိုယ်စားပြုတဲ့ ဂျော့ရှူအာဗန်က လက်ရှိ UFC ကမ္ဘာ့အဆင့် ၁ ဘရန်ဒန် ရိုဗာကို လက်စွမ်းအသာနဲ့ ထိုးသတ် အနိုင်ရရှိသွားပြီဖြစ်ပါတယ်။