စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြောင်း ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးအတွင်း KIA ၊ KNU ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ NUG လက်အောက်ခံ PDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့က မြို့နယ်တွေကို မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်တွေထဲမှာ ကချင်ပြည်နယ်က ၅ မြို့နယ်၊ ကရင်နီပြည်က ၃ မြို့နယ်၊ ကရင်ပြည်နယ်က ၂ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၉ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်၊ မန္တလေးတိုင်းက ၃ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ရှမ်းပြည်နယ်က ၁၅ မြို့နယ် ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့မြို့တွေမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့လက်အောက်ရှိ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကို စီရင်ပိုင်ခွင့်ရှိပြီး အရေးပေါ်အခြေအနေထုတ်ပြန်မှုဟာ ရက်ပေါင်း ၉၀ အထိ အသက်ဝင်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲမှာ တရုတ်ရဲ့ ဖိအားပေးမှုနဲ့ အပစ်အခတ်ရပ်စဲထားရတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ရာ မြို့တချို့လည်း ပါဝင်နေပါတယ်။

0 Shares:
You May Also Like
Read More

ကလေးတောင်ပိုင်း ကျွန်းချောင်းရွာနှင့် ထောက်ကြန့်ရွာကို စစ်အုပ်စု မီးဝင်ရှို့၊ မပြေးနိုင်သည့် အရပ်သား ၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

မကွေးတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ (GTC) တက္ကသိုလ်ထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက ကျွန်းချောင်းနဲ့ ထောက်ကြံ့ရွာ ၂ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အားစိုက်မှုနှင့် ထောက်ပံ့မှုသာရှိရင် ပြည်တွင်းဒရုန်းတပ်ဖွဲ့များ ဘယ်လောက် ခရီးရောက်နိုင်လဲ ပြသနေသည့် တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ် (တောင်ငူလေတပ်စခန်း) ကို အသေခံဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ ပြည်တွင်းဒရုန်းတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေသာ ရှိလာရင် ဘယ်လောက်အထိ အောင်မြင်နိုင်ကြောင်း မီးမောင်းထိုးပြလိုက်တဲ့ အားထုတ်မှု ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။
Read More

ပဲခူးမြို့နယ်တွင်းက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်ဖျက်ဆီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။