မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ ဇွန်လ ၁၂ ရက် ညပိုင်းက ဂန့်ဂေါမြို့နယ် ရွာစည်ကျေးရွာကို ခလရ ၅၀တပ်က ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပြီး အရပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်တွေ ရွာကိုဝင်ရောက်စီးနင်းနိုင်ဖို့ ရွာစည်ကျေးရွာ၊ ရပ်ကျေးပအဖ တာဝန်ခံ ဦးအောင်မျိုးဝင်း (ခ) ကိုမျိုးဆိုသူက သတင်းတွေ ပို့ပေးနေခဲ့တာဖြစ်ကြောင်းနဲ့ စစ်ကြောင်းပြန်လည်ဆုတ်ခွာချိန်မှာတော့ သူတို့မိသားစုလည်း တစ်ပါတည်းလိုက်ပါသွားခဲ့ကြောင်း နွေဦးအလင်းရောင်က ပြောပါတယ်။

ဇွန်လ ၁၂ ရက် ညပိုင်း စီးနင်းခံရမှုကြောင့် ရွာစည်ကျေးရွာနေ အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၁ယောက် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာ ၇ ယောက်သာ ပြန်လည်လွတ်မြောက်သေးကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ထံ ပူးပေါင်းသွားသည့် ရွာစည်ရွာ ရပ်ကျေးပအဖ တာဝန်ခံ ဦးအောင်မျိုးဝင်း (ခ) ကိုမျိုး

ဒါ့အပြင် ဇူလှိုင်လ ၂၀ရက် ညမှာလည်း ရွာစည်ကျေးရွာကို ဒုတိယအကြိမ် ဝင်ရောက်စီးနင်းရင်း အမျိုးသား ၁ယောက်ကို ဖမ်းခေါ်သွားသေးတယ်လို့ နွေဦးအလင်းရောင်က ပြောပါတယ်။

“ဒီလို ရပ်ကျေး ပအဖ တာ၀န်ခံတယောက်က စကစနဲ့ သတင်းပေးလုပ်နေတယ်ဆိုတော့ အခြား တော်လှန်ရေးအဖွဲ့တွေ အားလုံးလည်း သတိပြုစရာပါ။ အဖွဲ့တိုင်းလည်း သေချာစိစစ်ပြီး သတင်းပေးတွေကို စစ်ထုတ်ကြရမယ်လို့ မြင်မိတယ်ဗျ… ဒီလိုအတွင်းလူကနေ သတင်းတွေပေးနေတာဟာ တော်လှန်ရေးလှုပ်ရှားနေတာတွေအတွက် အတော်ကို အနှောင့်အယှက်ဖြစ်ရတယ်။” လို့ ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကိုပြောပါတယ်။

ဒီလိုမျိုး ရပ်ကျေးပအဖ တာဝန်ခံတစ်ယောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အပေါ် မောင်းသတင်းဌာနအနေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်ထားပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ် ရပ်ကွက် ၄ခုအပြင် ရှောက်ပင်(အောင်မြင်)၊ မြောက်ခင်ရန်း၊ ဟံသာ၀တီနဲ့ ကျေးရွာတချို့ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပေမယ့် ခလရ ၅၀တပ်က ဗျူဟာမှူး လှမျိုးထွဋ်ဆိုသူ ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းတွေကတော့ မကြာခဏဆိုသလို စစ်ကြောင်းဝင်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
Read More

ပေါင်းတည်မှာ ရိက္ခာပို့ရန် ရှေ့ပြေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ (၂) ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ ရိက္ခာပို့ဖို့ ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၂) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

NUG အောက်မှ ခွဲထွက်လာသည့် ဂဠုန်စစ်ကြောင်း MLA ထံ ပူးပေါင်း 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ထံကို တော်လှန်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဂဠုန်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး အလုံးစုံ ပူးပေါင်းလာခဲ့တယ်လို့ MLA ကမနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။