ရှမ်းပြည်နယ်တောင်းပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ပြန်ကြားရေးတာဝန်ခံ ကျားပျံက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်၊ နေ့လယ်ပိုင်းမှာ ရွာငံမြို့နယ်၊ တောင်ဦးကျေးရွာကနေ ရနဲကျေးရွာဆီ အင်အား ၂၄၀ နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အထက်ပါကျေးရွာ ၂ရွာကြား ဖျက်အားပြင်း မိုင်းတွေနဲ့ စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ မိုင်းကွင်းထဲ ထိခိုက်သေဆုံးရင်း အပြင်းအထန်ဒဏ်ရာရရှိနေချိန် မိုင်းကွင်းကို ကျော်လွန်လာတဲ့ တပ်သားတွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Danu State National Defence Army (DSNDA) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲပြီးဆုံးချိန်မှာတော့ စစ်ကောင်စီက သေဆုံးသွားတဲ့ စစ်သားအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ရနဲကျေးရွာဆီ ကားနဲ့ သယ်ဆောင်သွားတယ်လို့သိရပါတယ်။

DSNDA တပ်ဖွဲ့ဝင်များ

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက ရနဲကျေးရွာအပါအဝင် တောင်ပို့ခေါင်း၊ ဂွေးပင် ၊ ဆပ်ခြံ၊ တောင်ဦး၊ တဲ့လု စတဲ့ ကျေးရွာ၆ရွာမှာ ဝင်ရောက်တပ်စွဲရင်း အနီးအနား တောတောင်တွေထဲ လက်နက်ကြီး၊ လက်နက်ငယ် နေ့စဥ်ပစ်ခတ်နေတယ်လို့လည်း DSNDA  ပြန်ကြားရေးတာဝန်ခံ ကျားပျံက ပြောပါတယ်။

ဒါ့အပြင် ဒေသခံ အရပ်သားတွေလည်း ဖမ်းဆီးရိုက်နှက်ခံရတာမျိုးရှိနေပြီး စစ်ကောင်စီက ရွာငံမြို့နယ်ကို စစ်အင်အားဖြည့်တင်းထားတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

“စစ်ကြောင်းက ဒီလ ၂၄ရက်နေ့ကတည်းက တောင်ဦးရွာကို ရောက်နေတာ။ တမခ ၅၅ က ကောင်တွေပါ။ ပြည်သူတွေ စစ်ရေးသတိရှိဖို့ ပြောချင်ပါတယ်။” လို့ DSNDA  ပြန်ကြားရေးတာဝန်ခံ ကျားပျံက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တာမွေတွင် အဘိုးအိုတဦး ကြိုးဆွဲချ သတ်သေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အဘိုးအိုတယောက် ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ မော်ဖို့းကေစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတယ်လို့ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရ သိရပါတယ်။
Read More

ထိန်းချုပ်နယ်မြေအသစ်များမှာ စေတုတ္တရာ ပကဖ ရပ်ကျေး ပ.က.ဖ များ ဖွဲ့စည်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မင်းဘူးခရိုင်ရှိ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေသစ်တွေက ကျေးရွာတွေမှာ ရပ်​ကျေး ပ.က.ဖ တွေ ဖွဲ့စည်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခံရပြီး ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်ကို ဆပ်ကြေးကောက်ဖို့ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution Army ကနေ သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။