ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ပက်ထရစ်ဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်က မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးနောက်ကျော လက်နက်ငယ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း သေကာ ဒုက္ခိတ ရဲဘော်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကွယ်လွန်ချိန် အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ရဲဘော် ပက်ထရစ်ဟာ ဒုက္ခိတရဲဘော်အဖြစ် ၂နှစ်ကြာဖြတ်သန်းခဲ့ရပြီးနောက် ဇူလိုင်လ ၂၉ ရက် ညပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ဆိုပါတယ်။

ရဲဘော်ပက်ထရစ်အနေနဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း လမ်းခုလတ်မှာ ကျဆုံးခဲ့တဲ့အတွက် ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ များစွာကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပါတယ်။

ကျဆုံးရဲဘော်ပက်ထရစ်ကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသလို သူ့ရဲ့ စျာပနအခမ်းအနားကိုတော့ ဇူလိုင်လ ၃၁ ရက် ဒီနေ့မှာ ကျန်ရစ်သူမိသားစုနဲ့အတူ ပြုလုပ်ခဲ့ပြီး ဓလေ့ထုံးတမ်းတွေနဲ့အညီ မြေမြုပ်သဂြိုလ်ခဲ့တယ်လို့ ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိတ္တီလာမှာ ရဲကင်းကို ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၃ ယောက်သေပြီး ၅ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးက စစ်ကောင်စီရဲ့ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ယောက် သေပြီး ၅ ယောက့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထီလာပြည်သူ့ ကာကွယ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးက ရဲကင်းကို စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
Read More

၅၀၅ (က) လွတ်ငြိမ်းဖြင့် လွတ်လာသည့် ၁၇/၁ ကပ်လျက်အမှုတွဲများကို စစ်တပ် ပြန်ဖမ်းနေ

စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) တွေကို လွတ်ငြိမ်းခွင့်ပေးချိန်မှာ လွတ်လာတဲ့ ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို စစ်တပ်က ပြန်လည်ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မဝတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ထိုင်းထီနှင့် အွန်လိုင်းဈေးရောင်းသည်ဟုဆိုကာ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၂ ဦးကို စစ်ကော်မရှင် ဖမ်းဆီး 

အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။