ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၃၀ ရက် ည ၈နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ပျံသန်းမှုပြုလုပ်ပြီးတဲ့နောက် လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး မှော်စီစာကျေးရွာအပိုင် ဖြူစင်ကုန်းကျေးရွာထဲက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် မိသားစုဝင် ၃ယောက်ထဲက အမေဖြစ်သူ သေဆုံးကာ၊ သားနဲ့သမီး ထိမှန်ဒဏ်ရာရရှိသွားပြီး နောက်ထပ် အိမ်နီးချင်း အမျိုးသား ၂ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဒရုန်းဝဲပြီးတော့ သိပ်မကြာခင်ပဲ လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ အဲ့လိုပစ်လိုက်ပြီးတော့ ထိခိုက်ဒဏ်ရာရသွားတာက.. မိသားစုတစ်စုကကျတော့ အမျိုးသမီးသေဆုံးတယ် ။ သူ့ရဲ့ သမီးနဲ့ သားနဲ့က အရေးပေါ်လူနာအဖြစ်ပို့ရတယ်၊ တခြားဘေးအိမ်က မိသားစုကျတော့ အသက် (၃၀) ကျော်အမျိုးသားတစ်ဦးရယ်၊ အသက် (၂၀) ကျော်အမျိုးသားတစ်ဦးရယ်ထိတယ် ၊ သူတို့ ၂ ယောက်ကိုလည်း ဆေးခန်းပို့ထားရတယ် ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်နက်ကြီး ပေါက်ကွဲမှုကြောင့် နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက ညပိုင်းမှာ လုံးခင်းဘက်ခြမ်း၊ ဖားကန့်ဘက်အခြမ်းတွေကို ဒရုန်းနဲ့ လိုက်လံရှာဖွေတာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“ကျတဲ့နေအိမ်ကတော့ အိမ်အမိုးတွေ ပွင့်ထွက်သွားတယ်။ ကျန်တဲ့ဘေးအိမ်တွေကတော့ သွပ်တွေပေါက်တာ၊ အစတွေ ကွာထွက်သွားတယ်။ ဒရုန်းကတော့ ၂ရက် ၃ရက် ရှိပါပြီ။ အဲ့လိုပဲ ညဘက်ဆိုရင် ဒရုန်းတွေ လွှတ်ပြီးတော့ ဝဲနေတာရှိတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့ကလည်း ဖားကန့်မြို့နယ် အမှိုက်ပုံကျေးရွာကနေ ဖားကန့်သင်္ချိုင်းဘက်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့သလို စက်လက်နက်တွေနဲ့ပါ ပစ်ခတ်မှုပြုလုပ်သွားသေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်း-အုတ်တွင်း လမ်းမှာ တိုက်ခိုက်ခံရပြီး စစ်ကား ချောက်ထဲကျ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ရဲစခန်းများ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရ

စစ်ဆင်ရေးနယ်မြေ (၂) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်း တိုက်ခိုက်ချေမှုန်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) မှာ ထုတ်ပြန်လာပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမှာ တစ်ရက်အတွင်း ပြည်သူ ၁၀၀ ခန့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။