ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ ရိက္ခာတင်မော်တော်ကြီးတွေကို ၃ ရက်တာ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သင်္ဘော ၁ စီးနဲ့ ရိက္ခာတင်မော်တော် ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဇူလိုင် ၂၅၊ ၂၆ နဲ့ ၂၈ ရက်နေ့၊ ၃ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီးနဲ့ ရိက္ခာတင်မော်တော် ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ်(၁) စစ်ဒေသ မော်လိုက်ခရိုင်ကွပ်ကဲရေးရုံးတပ်ဖွဲ့၊ ခရိုင်တပ်ရင်း (၁) (၂) (၃) (၄) နဲ့ မော်လိုက်မြို့နယ်ပကဖ၊ ဖောင်းပြင်မြို့နယ်ပကဖတွေ၊ စစ်ဒေသ လက်ရုံးတပ်တွေ၊ ခန္တီးခရိုင်လက်နက်ကြီးအဖွဲ့၊ တမူးခရိုင်လက်နက်ကြီးအဖွဲ့၊ ကသာခရိုင်-တပ်ရင်း (၂) လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုဟာ ဖောင်းပြင်မြို့မှာ ဆိုက်ကပ်ပြင်ဆင်နေပြီး ချင်း တွင်းအထက်သို့ ဆက်လက်ဆန်တက်သွားတယ်လို့ သိရပါတယ်။

Video – မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်း

0 Shares:
You May Also Like
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော် ရဲမေများက ငလျင်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မိုးကုတ်ဗျူဟာရှိ ဘာသာပေါင်းစုံ ရဲဘော်ရဲမေတွေဟာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

CNO/CNDF အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာနောက်ဆုံးပတ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Chin National Organization က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေး တော်လှန်‌ပြည်သူတွေ ဝန်းရံပေးကြဖို့ တောင်းဆို (ရုပ်/သံ)


လမ်းများအားလုံး နေပြည်တော်သို့ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုနဲ့အတူ နေပြည်တော်အနီး ချဉ်းကပ်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပေးမယ့် အကူအညီတွေ လိုအပ်နေတဲ့အတွက် နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁) တပ်ရင်းမှူး ဇင်ယော်က အခုလို တောင်းဆိုထားပါတယ်။