အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီးအဖြစ် အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာချောချောစိန်ကို ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် ၄ ရပ်မှာ အမျိုးသားပညာရေးကဏ္ဍကို အလေးထားမြှင့်တင်ဖို့ ထည့်သွင်းဖော်ပြထားပေမယ့် အဓိကအကောင်အထည်ဖော်မယ့် ပညာရေးဝန်ကြီးဌာနကို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖို့ မေ့ကျန်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ခန့်အပ်သည့် ပညာရေးဝန်ကြီး

သြဂုတ်လ ၁ ရက်ကစလို့ ၆ လအတွင်း အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ဆိုထားကာ ရွေးကောက်ပွဲအပြီး သမ္မတသစ်နဲ့ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ကို ရွေးကောင်တင်မြှောက်ပြီးတဲ့အချိန်အထိ ဥပဒေပြုရေးအာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကျင့်သုံးမယ်လို့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက ဆိုပါတယ်။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အခြားသတ်မှတ်အဖွဲ့အစည်းတွေက ကျင့်သုံးမှာဖြစ်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုတွေကိုတော့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဦးစီးဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အစိုးရအဖွဲ့တွင် ချန်လှပ်ခံခဲ့ရသည့် ဦးမိုးဇော်ဦးအား နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် NUG ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ ပြန်လည်မပါဝင်ခဲ့တဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း NUG က ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းဗဟိုအမှတ် (၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်း ၄ ဦး ထွက်ပြေးအလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလောမြို့နယ် (လယ်မူလားမြို့နယ်) မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား ၄ယောက် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုတွင် ဖမ်းမိသည့် ပျူစောထီးခေါင်းဆောင်များအား စစ်ဆေးပြီး ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်သွားမည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖော်ထုတ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေကို ဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၇) စစ်ဗျူဟာနဲ့ တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရှေ့တန်းပြန်အောင်ပွဲရ တပ်ပေါင်းစုရဲဘော်များနှင့် တာဝန်ပြီးဆုံး၍ ပြန်လာကြသည့် တပ်ပေါင်းစုရဲဘော်များကို ကြိုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရှေ့တန်းပြန်စစ်ကြောင်းမှူးနဲ့ ရဲဘော်တွေ၊ တပ်ပေါင်းစုတာဝန်တွေ ကျေပြွန်စွာ ထမ်းဆောင်ပြီး ပြန်လာတဲ့ ဒုစစ်ကြောင်းမှူးနဲ့ ရဲဘော်တွေကို ကြိုဆိုတဲ့ပွဲ စစ်ကိုင်းတိုင်း၊ အညာဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု - SFT က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။