စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အမှတ် (၁) စစ်ဒေသ မော်လိုက်ခရိုင်ရဲ့ ချင်းတွင်းမြစ်ကြောင်း “ငမန်းစစ်ဆင်ရေး” အဖြစ် မော်လိုက်၊ ခန္တီး၊ တမူးနဲ့ ကသာခရိုင်တပ်ရင်းတွေ၊ ပကဖတပ်ဖွဲ့ဝင်တွေက ၃ ရက်တာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ငမန်းစစ်ဆင်ရေးတာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

တိုက်ခိုက်ရေး စစ်သင်္ဘောတွေအပြင် လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်မော်တော်တွေပါတဲ့ စုစုပေါင်း ၂၃ စီးပါ စစ်ကောင်စီရေယာဥ်တန်းဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့နယ်အထိ ဆန်တက်လာတာလို့ သိရပါတယ်။

အထက်ပါ စစ်ကောင်စီရေယာဥ်တန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင်လ ၂၅ ရက်နေ့မှာ မော်လိုက်မြို့နယ်အတွင်း ၁ နေရာ၊ ဇူလိုင်လ ၂၆ နဲ့ ၂၈ ရက်နေ့တွေမှာ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ၂ နေရာမှာ အသီးသီး စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သင်္ဘောတွေ မုံရွာက စထွက်လာတုန်းကတော့ ၂၈ စီးပါ။ မော်လိုက်ခရိုင်ထဲ ရောက်လာတော့ ၂၃ စီးပေါ့။ ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းကိုတက်တာပါ” လို့ ငမန်းစစ်ဆင်ရေး တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁စီး နဲ့ မော်တော် ၄ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၈ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီသင်္ဘောတွေဆီကလည်း ၁၂၂ စက်အမြှောက်တွေ အပါအဝင် 5/.8 စက်ကြီးတွေ၊ အခြားစက်အမြောက်ကြီးတွေနဲ့ပါ ခုခံခဲ့ပြီး လေကြောင်းကနေလည်း ဂျက်ဖိုက်တာနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ငမန်းစစ်ဆင်ရေးအတွင်း အမှတ် (၁) စစ်ဒေသ မော်လိုက်ခရိုင် ကွပ်ကဲရေးရုံးတပ်ဖွဲ့ /ခရိုင်တပ်ရင်းတွေဖြစ်တဲ့ (၁) (၂) (၃) (၄) တပ်ရင်းတွေနဲ့ မော်လိုက်မြို့နယ်ပကဖ၊ ဖောင်းပြင်မြို့နယ်ပကဖတွေ၊ စစ်ဒေသ လက်ရုံးတပ်တွေ၊ ခန္တီးခရိုင်လက်နက်ကြီးအဖွဲ့၊ တမူးခရိုင်လက်နက်ကြီးအဖွဲ့၊ ကသာခရိုင်-တပ်ရင်း (၂) လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုအတွင်း ထိခိုက်ပျက်စီးသွားတဲ့ သင်္ဘောတွေနဲ့ မော်တော်တွေကို ဖောင်းပြင်မြို့အတွင်း ဆိုက်ကပ်ပြင်ဆင်ရင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်းဆီ ဆက်လက်ဆန်တက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရေယာဥ်တန်းကို ငမန်းစစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များ စောင့်ကြိုတိုက်ခိုက်နေစဥ် (ဓာတ်ပုံ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်း)

0 Shares:
You May Also Like
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်မည့် ရွေးကောက်ခံကိုယ်စားလှယ်များ လုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် အလေးပေးဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို…

" ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်။ လွှတ်တော်ဟာလည်း သိက္ခာရှိတဲ့လွှတ်တော်ဖြစ်ရပါမယ်"လို့ အာဏာထိန်းတယ်ဆိုပြီး အာဏာလုထားတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို စစ်ကောင်စီက ရာထူးမှရပ်ဆိုင်း

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ဒုတပ်ကြပ် ဦးဆောင်ကာ စစ်မှုထမ်းတပ်သား ၁၈ ဦးနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဒုတပ်ကြပ် ၁ ယောက် ဦးဆောင်ပြီး စစ်မှုထမ်းတပ်သား ၁၈ ယောက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Ranger Kalay Defend Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။