ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် -၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင် ၂၅ ရက်က ခမရ ၅၉၀ တပ်ရင်းရဲ့ ရှေ့တန်းစစ်ကြောင်းရုံးစိုက်ရာ စခန်းဖြစ်တဲ့ ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ခဲယမ်းတွေနဲ့ စစ်သုံးဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ KNLA တပ်ရင်း (၉) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – 3702-Warrior’s Adventure

0 Shares:
You May Also Like
Read More

MBT တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲများတွင် ရှေ့ကနေ ပါဝင်တိုက်ခိုက်မည့် ကွန်မန်ဒိုစစ်ကြောင်း (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ရှေ့ကနေ ပါဝင်တိုက်ခိုက်မယ့် ကျားမဲ ကွန်မန်ဒိုစစ်ကြောင်းကို စုဖွဲ့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ခဲ့တဲ့အတွက် ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေး ခဲ့ရတယ်လို့ ယင်းမာပင်ခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ နေရာကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ 5/Fighter Group အဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခြင်းခံခဲ့ရသည့် လူငယ် ၄ ဦး ထွက်ပြေးလွတ်မြောက်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်စခန်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်အမျိုးသား ၄ ယောက် ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။