မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်၊ မနေ့ညနေပိုင်းမှာ မြိုင်မြို့အနောက်တောင်ပိုင်းမှာရှိတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီရဲ့ ရှမ်းတဲလေဆိပ်တက် Y8 ထောက်ပို့လေယာဥ်က ၁၅ ကြိမ်ထက်မနည်း ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း သိရပါတယ်။

ရိက္ခာထုပ်တွေအပါဝင် စစ်အသုံးဆောင်ပစ္စည်းတွေကို တစ်ကြိမ် သုံးထုပ် ချပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၉ ထုပ်အထိ ချခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး အပါ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက နှစ်နဲ့ချီ ပိတ်ဆို့ထားတာဖြစ်ပြီး အခု ရိက္ခာဖြည့်တင်းပေးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက ပြောပါတယ်။

“အခုလို ရိက္ခာဖြည့်တာဟာ သူတို့ကို သူတို့ စိုးရိမ်နေလို့ ထင်ပါတယ်။ ကျနော်တို့ကသာ မပိတ်ဆို့ထားရင် သူတို့က ရရင်ရသလို ဘေးနားက ရွာတွေ ခဏခဏ ဒုက္ခပေးတတ်ပါတယ်။ အခုချပေးတာ ရိက္ခာအပါအဝင် စစ်အသုံးအဆောင်တချို့ ပါလောက်တယ်” လို့ TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နဲ့ ၂၆ ရက်နေ့တွေကလည်း အဆိုပါ သရက်ကန်ပျူစောထီးရွာကနေ မိုင်းကွင်းတွေကိုဖြတ်ပြီး ရိက္ခာရှာခိုင်းခံရတဲ့ ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေအပါ အရပ်သား ၅ ယောက်ကို တော်လှန်ရေးတပ်တွေက ကယ်ဆယ်ထားနိုင်ခဲ့ပါသေးတယ်။

အဲ့ဒီလိုကယ်ဆယ်ထားနိုင်ခဲ့သူတွေထဲ အသက် ၆၀ ကျော်အရွယ်နဲ့ ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတွေ ပါဝင်သလို ဆယ်ကျော်သက်ကလေးငယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

“သရက်ကန် ရွာကို ပိတ်ဆို့ထားနိုင်ခဲ့တာ ကြာပြီဆိုတော့ သူတို့တတွေ ရွာပြင်ကို မထွက်ရဲတော့ပါဘူး။ ရွာအစပ်ကိုတောင် မကပ်ရဲတော့တာပေါ့။ အချိန်ကြာလာတာနဲ့အမျှ သူတို့အဖို့ ရွာထဲမှာပဲနေပြီး ငတ်ပြတ်နေကြတော့တာ။ ရှိတာစားကြပြီး အသက်ဆက်နေတာပါ။ သင်္ဘောအူတိုင်တွေကိုတောင် ဖြတ်တောက်စားနေရတယ်ပြောတယ်။ ကျနော်တို့ကယ်ထုတ်ထားတာလည်း အယောက်၆၀ ကျော်ပါပြီ။ အရပ်သားတွေကို ရိက္ခာရှာခိုင်းတယ်ဆိုတာလည်း အခုက မိုးရာသီဆိုတော့ အသီးအနှံရှာခိုင်းတာမျိုးပေါ့။ မျှစ်တို့ သရက်သီးတို့ ငှက်ပျောသီးတို့အပြင် ထင်းကအစ ရှာခိုင်းတာပါ” လို့ TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။

နောက်ထပ် ရွာထဲကနေ ထွက်ပြေးခိုလှုံလာမယ့် အရပ်သားတွေကိုလည်း TKY ပြောက်ကျားတပ်ဖွဲ့ နဲ့ အညာမြေတပ်ပေါင်းစု၊ ဒေါင်းမာန်အဖွဲ့ တပ်ခွဲ ၁၊ တပ်ခွဲ ၄ စင်္ကြာဒေသကာကွယ်ရေးအဖွဲ့တွေက ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရသည့် တပ်သားတစ်ဦး MRG တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။