ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းမဲပေါက်ပြီး မြောင်းမြမြို့ အမှတ် (၉၃) တပ်ရင်းမှာ လူစုဆောင်းခံခဲ့ရကာ ဧရာဝတီတိုင်း ကွင်းကောက်မြို့မှာ သင်တန်းဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေးနန်းတွင်းမှာလည်း မွမ်းမံသင်တန်း ၂ ပတ် ဆင်းခဲ့ရသေးတယ်လို့ ပြောပါတယ်။

အဲဒီကတဆင့် သူတို့ ၃ ယောက်ကို ဇူလိုင်လ ၂၃ ရက်မှာ သပိတ်ကျင်းကို ပို့ဆောင်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက် မနက် ၆ နာရီမှာ သူတို့တွေ စခန်းကနေ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ထွက်ပြေးလာရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ သူတို့ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

“ညကင်းကျချိန် ခိုးထွက်ပြေးလာကြတာ မနေချင်တော့လို့တဲ့။ အလင်းဝင်ဖို့ရယ်တော့ မဟုတ်ဘူး။ ခိုးထွက်လာတဲ့အခါ ဒီကောင်တွေက တစ်နေရာရောက်လိုက် မေးလိုက်၊ မေးရင်းနဲ့ ကျနော်တို့တပ်ရင်းက ရဲဘော်တွေက ဆက်ပြီး မေးလိုက်တဲ့အခါမှာ သပိတ်ကျင်းဘက်ကနေ ထွက်ပြေးလာတာ ဖြစ်တာနဲ့ ဖမ်းလိုက်တာ” လို့ ဗိုလ်ကောက်ရိုးက မောင်းကို ပြောပါတယ်။

လက်ရှိမှာ သူတို့ ၃ယောက်ကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ထိန်းသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကာ ရှေ့လျှောက် ဘာဆက်လုပ်မလဲဆိုတာကိုတော့ မေးမြန်းခြင်း မလုပ်ရသေးဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက် KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မြောက်ဒဂုံ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး လက်ပစ်ဗုံး ၂ လုံးစီ ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ထံက သိရပါတယ်။
Read More

Passport ၊ MOU လုပ်သားနဲ့ CI သမားတွေကို သက်တမ်းတိုးပေးမယ်လို့ ထိုင်းနိုင်ငံ စစ်ကောင်စီသံရုံး ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးကနေ မနေ့က အောက်တိုဘာ ၂၃ ရက်မှာ နိုင်ငံကူးလက်မှတ်၊ MOU လုပ်သားနဲ့ CI စာအုပ်ကိုင်ဆောင်ထားသူတွေကို သက်တမ်းတိုးပေးမယ်လို့ ထုတ်ပြန်လာပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။