ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံအရှေ့ပိုင်းက ကမ်ချက်ကျွန်းဆွယ်အနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုုရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ရုရှား၊ အမေရိကန်နဲ့ ဂျပန်ရဲ့ မြို့အချို့မှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ထားပြီး အရေးပေါ်ကြိုတင်စောင့်ကြည့်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ကမ်းရိုးတန်းဒေသနဲ့ မြစ်ကမ်းနားတွေမှာ နေထိုင်သူတွေအနေနဲ့ မြင့်မားတဲ့နေရာတွေ ဒါမှမဟုတ် အဆောက်အအုံတွေဆီကို ချက်ချင်းရွှေ့ပြောင်းကြဖို့နဲ့ သတိပေးချက် မရုပ်သိမ်းမချင်း လုံခြုံတဲ့နေရာမှာပဲနေထိုင်ကြဖို့ ဂျပန်တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ လက်ရှိအင်အားအပြင်းဆုံးငလျင် ၁၀ ခုအတွင်းမှာ နံပါတ် ၆ စာရင်းကို ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဆိုင်းတောင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်း‌တောင်မှာ စက်တင်ဘာ ၁၉ ရက်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၂ ရက်က ယာဉ်ပေါ်ကနေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သာသနာရေးကား စီးနင်းလာသည့် ဒုရဲအုပ်အပါ ရဲ ၅ယောက်ကို ကြားဖြတ်တိုက်ခိုက်၊ ၃ယောက်သေပြီး ၂ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်ကာ ရဲ ၅ ယောက် စီးနင်းလာတဲ့ သာသနာရေး နံပါတ်ပြားကပ်ယာဉ်ကို တော်လှန် ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် (၅)တပ်ရင်းထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။